ချဲလ်ဆီး၊ ဂျူဗင်တို့ကိုပါ တစ်ပါတည်းထိုးနှက်သွားခဲ့တာပါ။

စပါးနည်းပြဟောင်း ကွန်တီက သူ့အနေနဲ့ နည်းပြလောကထဲ ပြန်လည်ဝင်ရောက်လာချိန်မှာ ဆုဖလားတွေ ပူပူနွေးနွေး ဆွတ်ခူးထားတဲ့ အသင်းတစ်သင်းကိုသာ ကိုင်တွယ်ချင်ကြောင်း ပြောကြားလာပါတယ်။ ကွန်တီဟာ ပြီးခဲ့တဲ့မတ်လမှာ စပါးနဲ့ လမ်းခွဲခဲ့တာပါ။



ကွန်တီဟာ သူနောက်ဆုံးကိုင်တွယ်ထားတဲ့ စပါးမှာ အသင်းဥက္ကဌ လီဗိုင်း၊ ကစားသမားတွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ရာထူးကနေ ထွက်ခွာခဲ့ရပါတယ်။ အဆိုပါ အီတလီလူမျိုးနည်းပြဟာ သူ့ရဲ့ နည်းပြဘဝမှာ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ချဲလ်ဆီးတို့လို ထိပ်တန်းအသင်းကြီးတွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာတော့ စီးရီးအေရဲ့ လက်ရှိချန်ပီယံ နာပိုလီက သူတို့ရဲ့နည်းပြ ရူဒီဂါစီယာရဲ့နေရာမှာ အစားထိုးဖို့ ကွန်တီကို စိတ်ဝင်စားနေပါတယ်။ ကွန်တီကလည်း နည်းပြလောကထဲ ပြန်လည်ဝင်ရောက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
အနာဂတ်နဲ့ပတ်သက်လို့ ကွန်တီက “တစ်နေ့နေ့မှာတော့ ဆုဖလား ပူပူနွေးနွေးရထားတဲ့ အသင်းတစ်သင်းကို ကျွန်တော် ထရိန်နင်ပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာပြောရရင် ချဲလ်ဆီးကို အဆင့် (၇) နေရာကနေ ကျွန်တော် ဆွဲခေါ်ခဲ့ရတာပါ။ ဂျူဗင်တပ်စ်လည်း အတူတူပါပဲ။ သူတို့လည်း အဆင့် (၇) ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။
ကွန်တီ အခုပြောသွားတဲ့ ဆုဖလားဆွတ်ခူးထားတဲ့ အသင်းဆိုတာကလည်း အသင်းဟောင်း စပါးကို ရည်ရွယ်ထိုးနှက်တာမျိုးဖြစ်နိုင်ပါတယ်။ စပါးဟာ အဓိကဆုဖလားတွေနဲ့ ဝေးကွာနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး အသင်းပိုင်ရှင်ဘက်ကရော၊ ကစားသမားတွေဘက်ကပါ ကွန်တီ တောင်းဆိုတဲ့အချက်တွေကို လုပ်ပေးနိုင်စွမ်း မရှိခဲ့ပါဘူး။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က