ပူပြင်းခြောက်သွေ့တဲ့ နွေကာလမှာ ပျိုပျိုမေတို့ အထူးဂရုစိုက်သင့်တဲ့ ကျန်းမာရေးကိုပြောပါဆိုရင် အသားအရေကျန်းမာရေးပဲ ဖြစ်ပါတယ်။ နွေပူပူမှာ အသားအရေအတွက် ဘယ်လို Skin Care တွေပဲ လိမ်းလိမ်း မွဲခြောက်ခြောက်ဖြစ်နေတယ်လို့ ခံစားနေရပါတယ်။ ဒါကြောင့်မို့ နွေကာလကိုဖြတ်သန်းပြီဆိုတာနဲ့ ကိုယ့် အသားအရေပျက်စီးမှာကို စိတ်ပူနေရပါပြီ။ ဒီလို ပူပြင်းတဲ့ နွေမှာ အသားအရေဘာကြောင့် ပျက်စီးမှုတွေ ဖြစ်နေရတာလဲ၊ ရာသီဥတုပူပြင်းနေပေမယ့်လည်း အသားအရေကြည်ကြည်လေးနဲ့ လန်းဆန်းတဲ့ပုံစံဖြစ်နေစေဖို့ ဘယ်လို ဂရုစိုက်သင့်သလဲဆိုတာ ပြောပြချင်ပါတယ်။
နွေကာလမှာ အသားအရေမွဲခြောက်လာတဲ့ အကြောင်းရင်းများ
ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ရတဲ့အပြင် လေထုညစ်ညမ်းမှု တွေကလည်း အသားအရေကို ပျက်စီးစေတဲ့ အကြောင်းတွေပါပဲ။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံတွေ၊ အိပ်ရေးမဝတာ၊ စိတ်ဖိစီးမှုများတဲ့ လူမှုပတ်ဝန်းကျင်တွေကလည်း အသားအရေကို ထိခိုက်စေနိုင်တာကို သတိပြုဖို့လိုပါတယ်။ ဒါတင်မကသေးပါဘူး။ ဆေးလိပ်သောက်တာ၊ အရက်နဲ့ ဘီယာသောက်တာ၊ ကော်ဖီအလွန်အကျွံသောက်တွေကလည်း အသားအရေမွဲခြောက်လာစေနိုင်တဲ့ အကြောင်းတွေ ဖြစ်ပါတယ်။
အသားအရေအတွင်းပိုင်းကို အာဟာရဖြစ်အောင်နေပါ။
နွေရာသီမှာ အသားအရေေ ပျက်စီးမှုတွေဖြစ်လာစေတဲ့ အကြောင်းတွေများစွာရှိတာမို့ အရေပြားအတွင်းပိုင်းထိ ကာကွယ်ပေးဖို့ လိုအပ်ပြီး အသားအရေအာဟာရဖြစ်စေဖို့ အရေးကြီးပါတယ်။
အသားအရေအတွင်းပိုင်းထိ ကာကွယ်ပေးသင့်တဲ့ နည်းလမ်း ၅ ခု
၁။ နေရောင်ကာခရင်မ်ကို မကြာခဏလိမ်းပါ။
နေ့ခင်းဘက်မှာ နေ့စဥ် မဖြစ်မနေလိမ်းသင့်တာကတော့ နေရောင်ကာခရင်မ် (Sun Cream) ဖြစ်ပါတယ်။ နေရောင်ကာခရင်မ်လိမ်းတဲ့အခါ အနည်းဆုံး SPF 30 ပါဝင်တဲ့ခရမ်ကို လိမ်းသင့်ပါတယ်။
၂။ ခန္ဓာကိုယ်အစိုဓာတ်ထိန်းထားပါ။
ပူပြင်းတဲ့ နွေရာသီမှာ ကိုယ့်အသားအရေလေး စိုစိုပြေပြေဖြစ်နေဖို့ကလည်း အဓိက လိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစိုဓာတ်ထိန်းပေးမယ့် ပေါ့ပေါ့ပါးပါးဖြစ်တေဲ့ moisturizer တစ်ခုခု လိမ်းပေးပါ။ ရေများများသောက်ပေးပါ။
၃။ မိတ်ကပ်လျှော့လိမ်းပါ။
ပူပြင်းတဲ့ နွေမှာမျက်နှာကို မိတ်ကပ်အများကြီးလိမ်းတာမျိုးမလုပ်ပါနဲ့။ ချွေးထွက်များတဲ့အခါ မိတ်ကပ်ထူထူက သင့်ကို စိတ်အနှောင့်အယှက်ဖြစ်သေလို အသားအရေအတွက်လည်း အထောက်အကူမပြုနိုင်ပါဘူး။
၄။ တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် Exfoliate လုပ်ပါ။
ခန္ဓာကိုယ်အတွင်းပိုင်းထဲမှာရှိတဲ့ အရေပြားဆဲလ်အသေတွေ ဖယ်ရှားဖို့အတွက် တစ်ပတ်ကို နှစ်ကြိမ် သို့မဟုတ် တစ်ကြိမ်ခန့် ပုံမှန်သင့်စင်ပေးသင်ပ့ါတယ်။ အပူဒဏ်ကြောင့်ဖြစ်လာတဲ့ ခြောက်သွေ့မှုကြောင့် ချွေးထွက်လွန်တာတွေကြောင့် အသားအရေပျက်စီးမှုကို ဦးတည်စေနိုင်တဲ့အတွက် အတွင်းပိုင်းအထိ ပုံမှန်သန့်စင်ဖို့လိုပါတယ်။
၅။ ဗီတာမင် E ကို ဖြည့်စွက်စာအဖြစ် သောက်သုံးပါ။
အသားအရေကို ဂရုစိုက်ရမှာ Skincare တွေနဲ့ အပြင်ပန်းကနေ ဂရုစိုက်ရုံနဲ့ မလုံလောက်ပါဘူး။ ခန္ဓာကိုယ်အတွင်းပိုင်းထဲအထိ ဂရုစိုက်ပေးရပါတယ်။ ကျန်းမာလှပတဲ့ အသားအရေဆိုတာ မျက်နှာလေးတစ်ခုပဲ လှနေတာမျိုး မဟုတ်ပဲ ခေါင်းအစ ခြေအဆုံး ကျန်းမာကြည်လင်လှပနေတာမျိုးပေါ့။
ပုံမှန် skin care တွေအပြင်အသားအရေရဲ့ အတွင်းပိုင်းကနေ ပြုပြင်ကာကွယ်ပေးမှသာ ကျန်းမာ ကြည်လင်တောက်ပတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်မှာပါ။ အဲဒီအတွက် Vitamin E supplement သောက်ပေးသင့်ပါတယ်။
ဗီတာမင် E က အစွမ်းထက် Antioxidant (ဓါတ်တိုးဆန့်ကျင်) ဂုဏ်သတ္တိရှိပြီး oxidative stress များကို လျှော့ချရန် ကူညီပေးတဲ့အပြင် အသားအရေထိန်းသိမ်းမှုမှာလည်း နေလောင်ဒဏ်ကနေ ကာကွယ်ရန်နဲ့ အရေပြားအတွင်းပိုင်းကနေ ပြန်လည်ပြုပြင်ပေးမှုတွေကို လုပ်ဆောင်ပါတယ်။ စျေးကွက်ထဲမှာ. Vitamin E supplement တွေအများကြီးရှိပါတယ်။ အဲ့ထဲမှာမှ သဘာဝ Vitamin E ပါဝင်တာကို ရွေးချယ်မယ်ဆိုရင်တော့ Enat ရှိပါတယ်။ သဘာဝ Vitamin E က တခြား Vitamin E တွေထက် ၂ ဆ ပိုအစွမ်းထက်ပြီး အသားအရေရဲ့အတွင်းပိုင်းကနေ ကာကွယ်ပေးပြီး အာဟာရဖြည့်ပေးတာကြောင့် အသားအရေကို သဘာဝအတိုင်း ကြည်လင်တောက်ပစေပါတယ်။