အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကနေပါ ထိန်းချုပ်နိုင်မှာပါ

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းနဲ့လူသုံးကုန်အီလက်ထရွန်းနစ်ပစ္စည်းကုမ္ပဏီကြီး ဖြစ်တဲ့ Samsung ဟာ ဒရုန်းဈေးကွက်ထဲ ဝင်ရောက်ဖို့ရှိပါတယ်။

Photo: Gizchina



         Samsung ဟာ ဒရုန်းနဲ့ပတ်သက်ပြီး မူပိုင်ခွင့်တစ်ချို့တင်ထားခဲ့ပြီး အခုဆို အမေရိကန် မူပိုင်ခွင့်နဲ့အမှတ်တံဆိပ်ရုံးကနေ ဒီထဲက ဒရုန်းမူပိုင်ခွင့်တစ်ခုကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ထူးခြားတာက ဒီဒရုန်းဟာ ဈေးကွက်မှာ မမြင်ဖူးသေးတဲ့ ပုံစံပြောင်းဒရုန်းတစ်မျိုးပါ။

         မူပိုင်ခွင့်အရ Samsung ကနေ မိတ်ဆက်သွားမယ့် ဒရုန်းဟာ လိုသလို ခေါက်သိမ်းနိုင်တဲ့ လက်တံများနဲ့သီးသန့်အာရုံခံစနစ် အမြောက်အများ ပါရှိတယ်လို့ဆိုပါတယ်။ ကင်မရာစနစ်တွေအပြင် အရှိန်နဲ့ဖိအားသိ စနစ်တွေ ၊ လမ်းကြောင်းပြစနစ် ၊ အပူအအေး ၊ အလင်းအမှောင်နဲ့ခရမ်းလွန်ရောင်ခြည်သိ အာရုံခံစနစ်တွေနဲ့လာတာ ဖြစ်ပါတယ်။

         Samsung ရဲ့ ဒရုန်းသစ်ဟာ ပုံမှန်ဒရုန်းတွေလို စမတ်ဖုန်း ၊ တက်ဘလက် နဲ့PC တို့ကို သုံးပြီး ကြိုးမဲ့ထိန်းချုပ်နိုင်တဲ့ နည်းပညာသုံးသွားမှာ ဖြစ်ပြီး စိတ်ဝင်စားစရာက အိမ်သုံး အဝတ်လျှော်စက်နဲ့ရေခဲသေတ္တာလိုမျိုး အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကနေပါ ထိန်းချုပ်နိုင်မယ်လို့မူပိုင်ခွင့်မှာ ဖော်ပြထားပါတယ်။ ဒရုန်း တည်ဆောက်ပုံမှာ အဓိကအားဖြင့် ကျစ်လျစ်ပြီး သယ်လို့လွယ်အောင် ဒီဇိုင်းထုတ်သွားမှာပါ။

         ဒရုန်းဈေးကွက်ထဲ ဝင်ဖို့ရည်ရွယ်ပြီး Samsung ဟာ ၂၀၁၆ ခုနှစ်ကတည်းက ဒရုန်းနဲ့ဆက်စပ်တဲ့ နည်းပညာနဲ့ဒီဇိုင်း မူပိုင်ခွင့်တွေ တင်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ နောက်ဆုံး မူပိုင်ခွင့်ကလည်း Samsung ရဲ့ ပဉ္စမမြောက် ဒရုန်းမူပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ လက်ရှိဒရုန်းဈေးကွက်မှာ ရှိနေတဲ့ ကုမ္ပဏီတွေထဲမှာ စမတ်ဖုန်းကုမ္ပဏီတစ်ခုမှ မရှိသေးတာကြောင့် Samsung ဟာ ဒရုန်းထုတ်လုပ်ရောင်းချတဲ့ ပထမဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်ဖို့ရှိပါတယ်။

Photo: gizchina

         ဒရုန်းကို ထိန်းချုပ်ရာမှာ သမရိုးကျ drone apps တွေကို သုံးပြီး ဖုန်း screen ကနေ လူနဲ့ထိန်းချုပ်နိုင်မှာ ဖြစ်လို့Samsung ရဲ့ နာမည်ကြီး Galaxy series စမတ်ဖုန်းတွေနဲ့တွဲဖက်ရောင်းချသွားမယ့် accessory တစ်ခု ဖြစ်လာဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က