ပရိသတ်က လက်ဆောင်ပေးခဲ့တာပါ။

ပုံစံတူ အရုပ်ကလေး လက်ဆောင်ရခဲ့တဲ့ ဖွေးဖွေးကတော့ အရမ်းကို ပျော်နေတာ တွေ့ရပါတယ်။ သူမရဲ့ လက်ဒဏ်ရာကလည်း အခုဆိုရင် သက်သာလာပြီလို့ သိရပါတယ်။

Photo: Phway



ဖွေးဖွေးက သူမနဲ့ ပုံစံတူ အလုပ်လေးကို ပရိသတ်ဆီက လက်ဆောင်ရခဲ့လို့ အရမ်းကို ပျော်ရွှင်နေပါတယ်။ ဒီအရုပ်ကလေးကတော့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့တုန်းက ပုံစံနဲ့ အသေးစိတ် တူတဲ့ အရုပ်ကလေး ဖြစ်ပါတယ်။

‘’Detail လေးတွေပါ တူအောင် လုပ်ပြီး လက်ဆောင် ပို့ပေးလိုက်တဲ့ Puto Lay ရေ။ Thank you xo xo much for mini Phway Doll ။ အရမ်းးးးးးးးးးကြိုက်၊ အရမ်းးးးးးးပျော် Love You’’ ဆိုပြီးတော့ မေလ ၁ ရက်နေ့ ညနေ ၂ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Phway

လက်ရှိမှာတော့ ဖွေးဖွေးက ကားအက်ဆီးဒင့် ဖြစ်ခဲ့တုန်းက လက်ဒဏ်ရာလည်း အခုဆိုရင် သက်သာလာပြီလို့ ဧပြီလ ၃၀ ရက်နေ့ က သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ တင်ခဲ့တာ တွေ့ရပါတယ်။ ဒီ ဒဏ်ရာကြောင့်ပဲ ရိုက်ကူးရေးတွေ ခဏ နားထားတာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဒဏ်ရာ သက်သာလာပြီဖြစ်လို့ အနုပညာအလုပ်တွေ ပြန်လည် လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

Photo: Phway

ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ် ယောက်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေ တဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။

Photo: Phway

ဖွေဖွေးက ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က