ဝင်ဘလေကို ပြောင်းလဲရွေးချယ်ဖွယ်ရှိတယ်လို့ သိရပါတယ်။

လာမယ့်မလေအတွင်း ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲကို နေရာပြောင်းကျင်းပဖို့အတွက် စဉ်းစားနေပြီလို့သိရပါတယ်။ ဒါဟာ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ပြည်နယ်နှစ်ခုကို လွတ်လပ်ရေးအသိအမှတ်ပြုခဲ့တဲ့ ရုရှားသမ္မတပူတင်ရဲ့ ဆုံးဖြတ်ချက်နောက်ဆက်တွဲအဖြစ် ဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ 

ပူတင်က Donetsk နဲ့ Luhansk ပြည်နယ်နှစ်ခုကို အသိအမှတ်ပြုခဲ့ပြီး ရုရှားတပ်တွေကို ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေအဖြစ် ဝင်ရောက်ဖို့အတွက် အမိန့်ပေးခဲ့ပါတယ်။ ဒီအမိန့်ထုတ်ပြန်ပြီးနောက် ကမ္ဘာ့ထိပ်သီးနိုင်ငံအများအပြားက ရုရှားအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ခဲ့တဲ့နည်းတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုပါ နေရာပြောင်းကစားဖို့အတွက် ဖြစ်လာခဲ့တာဖြစ်ပါတယ်။ 

ထိုနည်းတူ ဒီနေ့ကစားမယ့် အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်အတွက် မက်ဒရစ်မြို့ကို ထွက်ခွာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာလည်း ပုံမှန်အသုံးပြုနေကျ ရုရှားလေကြောင်း Aeroflot ကို မသုံးမပြုခဲ့ဘူးလို့ သိရပြီး အခြားလေယာဉ်ခရီးစဉ်ကို ပြောင်းလဲအသုံးပြုခဲ့ကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကလည်း ရုရှားဘဏ် ၅ ခုနဲ့ ထိပ်တန်းအမှုဆောင်အရာရှိ ၃ ဦးကို ပိတ်ဆို့ဒဏ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ဘဏ္ဍာရေးအရ ဆက်ဆံမှုတွေမပြုလုပ်ဖို့အတွက် လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပဖို့အတွက် အင်္ဂလန်နိုင်ငံ၊ ဝင်ဘလေကွင်းက ရေပန်းစားနေပြီး လာမယ့်နှစ်ဗိုလ်လုပွဲအတွက် မြူးနစ်မြို့ကို ရွေးချယ်ပေးထားတာဖြစ်ပါတယ်။ 


ချန်ပီယံလိဂ်ပြိုင်ပွဲကတော့ ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ ဝင်ဘလေမှာသာ ကျင်းပမယ်ဆိုရင် ဒါဟာ ယူရိုဗိုလ်လုပွဲပြီးနောက် နောက်ထပ်အကြီးမားဆုံးဗိုလ်လုပွဲတပွဲကို လက်ခံကျင်းပနိုင်တော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က