ဟိန်းမင်းသူက ဟင်္သာပုံပါတဲ့ ပုဆိုးကို ပြောင်းပြန်ဝတ်ဆင်မိခဲ့တဲ့အပေါ် ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။ ဒီအကြောင်းအရာကို ဥပမာထားပြီး နောက်နောင် ဆင်ခြင်မယ်လို့ သူကဆိုပါတယ်။
Photo: Hein MIn Thu
ဟိန်းမင်းသူဟာ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကို တက်ရောက်လာတဲ့အခါမှာ ဟင်္သာပုံလေးတွေပါတဲ့ ပုဆိုးကို မှားယွင်းစွာ ဝတ်ဆင်မိခဲ့တဲ့အပေါ် တောင်းပန်စကားပြောလာပါတယ်။
Photo: Hein MIn Thu
အဲဒီနောက် သူ့ရဲ့ ပုဆိုးပြောင်းပြန်ဝတ်ထားတယ်ဆိုတဲ့ အမှားကို ထောက်ပြပြောဆိုသူတွေရှိခဲ့သလို ဝေဖန်မှုတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒါကြောင့် ဟိန်းမင်းသူက နောက်နောင် ဆင်ဆင်ခြင်ခြင် ဝတ်စားဆင်ယင်မယ် ဆိုတာကိုလည်း ပြောလာပါသေးတယ်။
Photo: Hein MIn Thu
၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ မတ်လ ၂၃ ရက်နေ့က The One Entertainment မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဒီပွဲကိုတော့ အနုပညာအသိုင်းအဝိုင်းက သရုပ်ဆောင်များစွာတို့ တက်ရောက်လာတာ တွေ့ရပါတယ်။ အကယ်ဒမီပေးပွဲဟာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုကြတဲ့ ပွဲ တစ်ပွဲလည်း ဖြစ်ပါတယ်။
Photo: Hein MIn Thu
ဟိန်းမင်းသူကတော့ မိန်းကလေးပရိသတ်တွေအားပေးမှု အများကြီးပိုင်ဆိုင်ထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ "အရိပ်" ဇာတ်လမ်းတွဲမှာလည်း ဆေးကျောင်းသား စိုင်းမင်းဆွေဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။။ နောက်ထပ်လည်း "ပျားရည်အိုင်"ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။