ပီကေးရဲ့အကြောင်းကို ဂျာနယ်လစ်တယောက်က ဖွင့်ဟခဲ့တာပါ။

ဘာစီလိုနာနောက်ခံလူ ပီကေးဟာ ရှကီရာနဲ့ လမ်းခွဲချင်နေတာ အခုမှမဟုတ်ဘဲ လွန်ခဲ့တဲ့ ကာလအတော်ကြာတည်းကဖြစ်ကြောင်း ဂျာနယ်လစ် လိုရီနာဗက်ဇ်ကေးက ဖွင့်ဟခဲ့ပါတယ်။ (၂၀၁၀) ကမ္ဘာ့ဖလားကနေ အစပြုခဲ့တဲ့ ပီကေးနဲ့ရှကီရာတို့ရဲ့ (၁၂) နှစ်တာချစ်ခြင်းက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အဆုံးသတ်ခဲ့ပါပြီ။



ပီကေးဟာ အခြားသောမိန်းကလေးတယောက်နဲ့ ဖောက်ပြန်ခဲ့ပြီး ဒါကိုလည်း ရှကီရာက လက်ပူးလက်ကြပ်မိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပီကေးနဲ့ ဖောက်ပြန်တဲ့ အမျိုးသမီးက ဘာစီလိုနာအသင်းဖော် ဂါဗီရဲ့အမေဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဘယ်သူဘယ်ဝါဆိုတာကို အတိအကျ အတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။

ပီကေးနဲ့ရှကီရာတို့ဟာ လမ်းခွဲလိုက်ပြီလို့ တရားဝင်ကြေညာထားပေမယ့် သူတို့သားဖြစ်သူရဲ့ ဘေ့စ်ဘောပွဲကိုတော့ သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။ ဒါပေမယ့် ရှကီရာအပေါ် ပီကေးရဲ့ သဘောထားနဲ့ပတ်သက်လို့ ဂျာနယ်လစ် ဗက်ဇ်ကေးက အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ ဗက်ဇ်ကေးက “ပီကေးက ရှကီရာနဲ့ အရင်တည်းက လမ်းခွဲချင်ခဲ့တာပါ”

“ဒါပေမယ့် ရှကီရာကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ပီကေးနဲ့ အခြားမိန်းကလေးရဲ့ ဆက်ဆံရေးနဲ့ပတ်သက်လို့ ကျနော် အတိအကျမပြောနိုင်ပါဘူး။ ဒါပေမယ့် သိထားတာတခုက ပီကေးရဲ့လုပ်ရပ်က ရှကီရာကို တော်တော်ခံစားစေခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ ပီကေးဟာ အရင်တည်းက အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတယောက်နဲ့ ဘာစီလိုနာမြို့တွင်းမှာ အမြဲတမ်းမြင်တွေ့နေရတယ်လို့ သိရပါတယ်။ ရှကီရာကလည်း အဲ့ဒီအချိန်တည်းက ပီကေးအပေါ် ယုံကြည်မှုမရှိတော့ဘဲ နောက်ဆုံးတကြိမ် လက်ပူးလက်ကြပ်မိတဲ့အခါမှာတော့ အခုလိုပဲ နှစ်ယောက်လုံးရဲ့ ဆက်ဆံရေးနဲ့သံယောစဥ်တွေအားလုံး ပြတ်တောက်သွားခဲ့ရတာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က