စပိန်နောက်ခံလူဟောင်းကြီး ပါးစပ်အဟောင်းသားဖြစ်ခဲ့ပုံပါပဲ။

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ပဲလေ့စ်တို့ရဲ့ ပွဲကတော့ တဖက်တဂိုးစီနဲ့ သရေပွဲဖြစ်သွားခဲ့ပါတယ်။ ဒီရာသီ ပထမဆုံးအိမ်ကွင်းပွဲကို လီဗာပူးလ်တို့ အနိုင်နဲ့ မဖွင့်နိုင်ခဲ့ဘဲ နောက်ကလိုက်ကစားခဲ့ရကာ တယောက်လျော့အနေအထားနဲ့ သရေကျအောင် ကစားခဲ့ရတာဖြစ်ပြီး တိုက်စစ်မှူးဒါဝင်နူနက်ဇ်ရဲ့ အနီကတ်ထိစေခဲ့တဲ့ လုပ်ရပ်ကြောင့် ရုန်းကန်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဇာဟာရဲ့ ဦးဆောင်ဂိုးကို လူး၀စ္စဒီယက်ဇ်က ပြန်လည်ချေပပေးခဲ့တာလည်းဖြစ်ပါတယ်။ ကိုလံဘီယာတိုက်စစ်ကစားသမားဟာ ဂျိမ်းစ်မီလ်နာရဲ့ ဖြတ်တင်ဘောပေးပို့မှုကနေ ဘောလုံးရရှိခဲ့ပြီးနောက် ဘယ်တောင်ပံကနေ ပဲလေ့စ်ကစားသမားတွေကို ကျော်ဖြတ်ကာ ဧရိယာထဲထိ ဆွဲပြေးဝင်လာခဲ့ပြီး ဂိုးဧရိယာအပြင်ဘက်ကို ထပ်မံဆွဲယူခဲ့ကာ ညာခြေနဲ့ အပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ 



တော်တော်လေးလှပတဲ့သွင်းဂိုးဖြစ်ပြီး ပဲလေ့စ့်ဂိုးသမား ဘယ်ဘက်ထောင့်ကို အရှိန်ပြင်းပြင်းနဲ့ ဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို ဘာစီလိုနာနာမည်ကျော်နောက်ခံလူဟောင်းကြီး ကားလက်စ်ပူယိုးလ်က "အံ့အားသင့်စရာ လူး၀စ္စဒီယက်ဇ်" လို့ တွစ်တာမှာ ရေးသားခဲ့ရပြီး ချီးကျူးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

ဒီယက်ဇ်ကတော့ လီဗာပူးလ်ကို ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ ရာသီဝက်ကာလမှာ ပေါ်တိုကနေ ပေါင် ၃၇ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကိုလံဘီယာကြယ်ပွင့်ဟာ အချိန်ခဏလေးအတွင်း ခြေစွမ်းပြနိုင်ခဲ့ပြီး ကလော့ပ်အားကိုးရတဲ့ ကစားသမားဖြစ်လာအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ 

ဒီယက်ဇ်ရဲ့သွင်းဂိုးကို ပရိသတ်တော်တော်များများကလည်း သဘောကျနေကြပါတယ်။ ပြိုင်ဘက်ကစားသမားတွေကို ကျော်ဖြတ်ခဲ့ပြီး ဘောလုံးကို ရှေ့အနည်းထုတ်ကာ ကန်သွင်းရတာက လွယ်မယောင်ယောင်နဲ့ ခက်ခဲတာဖြစ်ပြီး ဒီယက်ဇ်က ထိချက်မှန်မှန်နဲ့ ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က