အမျိုးသား၁၂ဦးနဲ့ အမျိုးသမီးဖြစ်ပါတယ်။

ပုဇွန်တောင်မြို့နယ်ကတော့ ရန်ကုန်မြို့မှာ Maskမတပ်ပဲ အပြင်သွားသူတွေကို ဖမ်းဆီးအရေးယူတဲ့ ပထမဆုံး မြို့နယ်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - Myint Myat Thu Facebook Page



ပုဇွန်တောင်မြို့နယ်မှာ Mask မတပ်ပဲ အပြင်ထွက်သွားလာသူတွေကို ငွေဒဏ် ၅၀၀၀စီ ကျခံစေမှုကို ဒီနေ့ မေလ ၁၃ရက်နေ့မှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။ Mask မတပ်ပဲ အပြင်ထွက်လာသူ အမျိုးသား ၁၂ဦးနဲ့ အမျိုးသမီး ၁ဦးတို့ကို ဖမ်းဆီးကာ ပုဇွန်တောင် တရားရုံး မှာပဲ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ ကိုဗစ်ရောဂါထိန်းချုပ်ရေးကော်မတီက တရားစွဲဆိုခဲ့တာ လို့လည်းသိရပါတယ်။

“Maskမတပ်ပဲ အပြင်ထွက်လာဖို့ ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ဦးဆောင်ပြီးအကိုတို့ စည်ပင်က အဖွဲ့ဝင်အနေနဲ့ လိုက်ပါကာ ဖမ်းဆီးအရေးယူမှုတွေ ဒီနေ့လုပ်ခဲ့ရာမှာတော့ အမျိုးသား ၁၂ဦးနဲ့ အမျိုးသမီး ၁ဦးတို့ ကို ဒဏ်ငွေ ၅၀၀၀စီ ကျခံစေခဲ့ပါတယ်။”လို့ ပုဇွန်တောင်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမြင့်မြတ် သူက Duwunကိုပြောပါတယ်။

ဓာတ်ပုံ - Myint Myat Thu Facebook Page

ဒီနေ့ မေလ ၁၃ရက်နေ့မနက်ပိုင်းက ရန်ကုန်မြို့ရဲ့ မြို့နယ်အချို့မှာ အစိုးရအဖွဲ့ကဦးဆောင်ပြီး နှာခေါင်းစည်းတွေ ကို အပြင်သွားရင်မဖြစ်မနေတပ်ဆင်ဖို့ လိုက်လံသတိပေး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။ ရန်ကုန်မြို့ကတော့ မြန်မာနိုင်ငံမှာ COVID-19ကူးစက်ရောဂါဖြစ်ပွားမှုအများဆုံး ဖြစ်နေပြီး စုစုပေါင်း ၁၄၆ဦးထိ ကူးစက်ခံထားရပါတယ်။

မေလ ၁၃ရက်ကစပြီး မြို့နယ်အဆင့် ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ချက်အရ နေအိမ်ကနေ အပြင် သွားတိုင်းနှာခေါင်းစည်းကိုမဖြစ်မနေတပ်ဆင်ရတော့မှာဖြစ်ပြီး မတပ်တဲ့သူတွေကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ဒဏ်ငွေ ၅၀၀၀ ကျသင့်စေမှာလို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က