ဂျာအို ဖီလစ်ကို ယခုရာသီကုန်အထိ အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ကြီးမားတဲ့ ငှားရမ်းခ ပေးချေရမှာ ဖြစ်ပါတယ်။

ဂျာအို ဖီလစ်ဟာ ကြာသပတေးနေ့ညက ချဲလ်ဆီးအသင်းအတွက် ပွဲဦးထွက်ပွဲစဉ်မှာ ထုတ်ပယ်ခြင်းခံခဲ့ရပြီး အက်သလက်တီကို မက်ဒရစ်ကနေ အငှားနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးရဲ့ တစ်ပွဲကို ကုန်ကျစရိတ်က ပိုလို့တောင် မြင့်တက်လာပြီ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ညနေမှာ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီက နောက်ထပ်တစ်ကြိမ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ပြီး အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိခဲ့တဲ့အချိန်ကတည်းက အပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း ၄၀၀ ဝန်းကျင် သုံးစွဲထားခဲ့ပြီး ဖြစ်ပါတယ်။ တော့ဒ် ဘိုလီရဲ့ နောက်ဆုံးငွေကြေးသုံးစွဲမှုဟာ ဂျာအို ဖီလစ်ကို ယခုရာသီကုန်အထိ အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ကြီးမားတဲ့ ငှားရမ်းခ ပေးချေရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးပရိသတ်တွေဟာ အနည်းဆုံးတော့ ဂျာအို ဖီလစ်ကို ကျိန်စာသင့်နေတဲ့ ကျောနံပါတ် ၉ မပေးဘဲ တီမို ဗာနာဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၁ ကိုပေးခဲ့တဲ့အတွက် ဝမ်းသာခဲ့ကြမှာ ဖြစ်ပါတယ်။ ဂျာအို ဖီလစ်ရဲ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်က ပရိသတ်တွေကို စိတ်လှုပ်ရှားစေခြင်းမရှိခဲ့တာ သေချာပေမယ့်လည်း စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိပြီး ၂၄ နာရီအကြာ အနောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အသင်းအတွက် ပထမဆုံး ပွဲထွက်ပါဝင်ကစားခွင့် ပေးအပ်ခြင်း ခံခဲ့ရဆဲဖြစ်ပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူးဟာ ခိုင် ဟာဗတ်ဇ်ကို ဂိုးသွင်းခွင့် ဖန်တီးပေးခဲ့ပေမယ့်လည်း ဂျာမန်တိုက်စစ်မှူးရဲ့ ကန်ချက်က ပိတ်ဆို့ခံခဲ့ရပြီးနောက် ဖူလ်ဟမ်အသင်းကို အဝါကတ် ၂ ကတ် ပြသခံရအောင် လုပ်နိုင်ခဲ့ပြီး အစပိုင်းမှာ အိမ်ရှင်တွေဟာ ဖီလစ်နဲ့ ရင်ဆိုင်ရာမှာ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးက ကန်နီ တီတီကို အဆင်အခြင်မဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့တာကြောင့် ပွဲဦးထွက်ပွဲစဉ်မှာပဲ အနီကတ်ထိခဲ့ပြီး အရာအားလုံးက ဆိုးဆိုးရွားရွားဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ဂျာအို ဖီလစ်ဟာ ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးမိနစ် ၂၀ ကိုသာမကဘဲ လာမယ့် ၃ ပွဲကိုပါ လွဲချော်တော့မှာဖြစ်ပြီး အဲဒါကြောင့် ပေါ်တူဂီတိုက်စစ်မှူးဟာ ပေါ့တားရဲ့အသင်းအတွက် လိဂ်ပွဲစဉ်အများဆုံး ၁၈ ပွဲသာ ကစားပေးနိုင်တော့မယ်ဆိုတဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဂျာအို ဖီလစ်ကို ပေါင် ၉ သန်း ငှားရမ်းခ ပေးချေခဲ့ရတာကြောင့် တစ်ပွဲကို ယူရို ၅၇၅၀၀၀ အထိ ကျသင့်မှာဖြစ်ပြီး အဲဒီထဲမှာ ပေါ်တူဂီတိုက်စစ်မှူးရဲ့ တစ်ပတ်လုပ်ခလစာ ယူရို ၂၅၀၀၀၀ မပါဝင်သေးတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က