ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ နိုင်ပွဲရခဲ့တာပါ။

ဖီနာဘာချီနည်းပြကြီး မော်ရင်ဟိုကတော့ အသင်းသစ်နဲ့ ပထမဆုံးပွဲမှာ နိုင်ပွဲရရှိခဲ့ပြီးနောက် ယူအီးအက်ဖ်အေကို ပြစ်တင်ဝေဖန်ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအကျော့အဖြစ် ဖီနာဘာချီက လူဂါနိုကို အဝေးကွင်းမှာ ၃-၄ ဂိုးနဲ့ နိုင်ခဲ့တာပါ။

ဒီလိုမျိုး အနိုင်ရရှိခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက သူတို့အသင်း ကစားခဲ့ရတဲ့ ကွင်းအနေအထားနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ မော်ရင်ဟိုက “ကျနော်တို့ ပွဲမတိုင်ခင်မှာ ဆင်ခြေတွေ မပေးဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အရည်အသွေးရှိတဲ့ ဘောလုံးကစားဟန်ကို မြက်ခင်းတုမှာ ကစားရတာက စိန်ခေါ်မှုပါ”

“ဘောလုံးက ရွေ့လျားသင့်သလောက် မရွေ့လျားခဲ့ပါဘူး။ ကစားသမားတွေကလည်း ဘောလုံးဆွဲပြေးဖို့ ရုန်းကန်ခဲ့ရပြီး ဒီပွဲရဲ့ ကစားဟန်က သိသိသာသာကို နှေးကွေးခဲ့ပါတယ်။ ယူအီးအက်ဖ်အေက ဘာကြောင့် ချန်ပီယံလိဂ်ပွဲတွေကို မြက်ခင်းတုကွင်းမှာ ကစားခွင့်ပေးထားလဲ ကျနော် နားမလည်နိုင်ပါဘူး”

“လူဂါနိုလို အသင်းကောင်းတစ်သင်းကလည်း ဘာကြောင့် ဒီလိုမျိုး မြက်ခင်းတုကွင်းမှာ ကစားဖို့ ရွေးချယ်ခဲ့လဲဆိုတာ ကျနော် နားမလည်ပါဘူး။ ဒီကွင်းတွေက ပွဲကစားဖို့အတွက် မသင့်တော်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က