ပွဲဦးထွက်မှာပဲ အံ့အားသင့်ဖွယ် ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆန်းဒါးလန်းအသင်းကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပွဲဦးထွက်ပွဲစဉ်မှာပဲ ချာလီ ပါတီနို ဂိုးသွင်းယူနိုင်ခဲ့တာကို မြင်ရတာ အရမ်းလှပတဲ့ အခိုက်အတန့်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အန်ခေတီရာရဲ့ ဟက်ထရစ်သွင်းဂိုး၊ နီကိုလာ ပေပေ၊ ချာလီ ပါတီနိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် လူငယ်ကစားသမားလေးဟာ ပွဲကစားချိန်ပြည့်ဖို့ ၁၀ မိနစ်အလိုမှ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ချာလီ ပါတီနီုဟာ ပွဲကစားချိန် များများစားစားမရပေမယ့် နာကျင်အချိန်ပိုမှာ ပေပေ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး အာဆင်နယ်အသင်းအတွက် ပဥ္စမမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။



"လှပလိုက်တဲ့ အခိုက်တန့်ဗျာ။ သူက ကျွန်တော်တို့ရဲ့ အကယ်ဒမီကနေ ထွက်လာတဲ့ ကလေးပါ။ ချစ်စရာကောင်းတဲ့ ကလေးပါ။ သူက ကျွန်တော်တို့နဲ့ အပတ်တိုင်းနီးပါး လေ့ကျင့်ရေးလုပ်နေခဲ့ပါတယ်။ ဒီပွဲမှာ ပွဲဦးထွက်အနေနဲ့ ပါဝင်ကစားပေးခဲ့ပြီး ကျွန်တော်တို့ရဲ့ ပရိသတ်တွေရှေ့မှာ ဂိုးသွင်းယူခဲ့တာက အရမ်းကို ထူးခြားတဲ့ အခိုက်အတန့်ပါ" လို့ ပြောကြားခဲ့ပါတယ်။

ပါတီနိုဟာ အာဆင်နယ်အသင်းရဲ့ ကျော်ကြားတဲ့ ရှုံးပွဲမရှိ၂၀၀၃-၂၀၀၄ ရာသီမှာ မွေးဖွားခဲ့တာဖြစ်ပြီး အသင်းရဲ့ လူငယ်အသင်းနည်းပြတွေဆီကနေ မြင့်မြင့်မားမား မျှော်မှန်းခြင်း ခံခဲ့ရသူဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၁၅ ခုနှစ်မှာ အသက် ၁၁ နှစ်အရွယ်သာရှိသေးတဲ့ ချာလီ ပါတီနိုအတွက် လူတန်အသင်းကို ပေါင် ၁ သောင်း ပေးချေခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ အင်္ဂလန်ယူ-၁၉ အသင်းအတွက် ကစားပေးနေတာဖြစ်ပါတယ်။

ချာလီ ပါတီနိုဟာ အင်္ဂါနေ့ညက ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ကစားပေးခဲ့ရာမှာ ပထမဆုံး ဘောလုံးကန်သွင်းချက်နဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စီနီယာသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က