အေတီကိုကစားသမားတွေနဲ့ မန်စီးတီးကစားသမားတွေကြား တော်တော်လေးကို အချေအတင်ဖြစ်ခဲ့တာပါ။

အေတီကိုနဲ့ မန်စီးတီးတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်ကတော့ ရန်ပွဲအကြီးအကျယ်ဖြစ်ပွားမှုတွေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ဂိုးမရှိသရေကျခဲ့တာကြောင့် မန်စီးတီးတို့ နောက်တဆင့်ကို တက်ရောက်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီးမှာတော့ ပွဲကြမ်းခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကစားပုံကြောင့် မန်စီးတီးကစားသမားတွေအထိနာခဲ့ရပါတယ်။ 



ပွဲအပြီး ဥမင်အတွင်းမှာလည်း နှစ်ဖက်အသင်းသားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကာ စပိန်ရဲတပ်ဖွဲ့ကတောင် စောင့်ရှောက်ပေးခဲ့ရတယ်လို့ သိရပါတယ်။ ကွင်းအတွင်းမှာ ဆာဗစ်က ဂရီလစ်ရှ်ရဲ့ ဆံပင်ကို ဆောင့်ဆွဲခဲ့ပြီး ဖိုဒန်ကိုလည်း ရန်လုပ်ဖို့ကြိုးပမ်းခဲ့လို့ မန်စီးတီးကစားသမား ဇင်ချန်ကိုက အသင်းဖော်ကို ဝင်ကာကွယ်ပေးခဲ့ရပြီး နှစ်ဖက်အသင်းကြား ပွဲကြမ်းခဲ့ပါတယ်။

ဥမင်အတွင်းမှာတော့ ဗာဆယ်ကိုက မန်စီးတီးကစားသမားတွေကို ဂိုးသမားလက်အိတ်နဲ့ ပစ်ပေါက်ခဲ့ပြိး ရန်မူဖို့ကိုပါ အတင်းကာရောကျင်းပခဲ့လို့ ဝိုင်းဝန်းထိန်းသိမ်းမှုတွေလုပ်ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကလည်း နှစ်ဖက်အသင်းသားတွေကို ခွဲထုတ်ပြီး ကိုယ့်နေရာကိုယ်သွားဖို့လုပ်ပေးခဲ့ရကာ တော်တော်လေးကို ကြမ်းတမ်းတဲ့ အနေအထားတွေဖြစ်ပေါ်ခဲ့ပါတယ်။ 



မန်စီးတီးကတော့ နှစ်ကျော့ပေါင်းရလဒ် ၁-၀ နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ပထမအကျော့က ရလဒ်ကိုထိန်းသိမ်းထားနိုင်ခဲ့ပြီး ခံစစ်ကို အားပြုကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်ကစားပုံကြောင့် ပွဲကပျင်းစရာကောင်းနေခဲ့ပေမယ့် ပွဲပြီးခါနီးနဲ့ ပွဲအပြီးမှာဖြစ်ပွားခဲ့တဲ့ ရန်ပွဲက ဒီပွဲရဲ့ ဇာတ်အရှိန်ကို အမြင့်ဆုံးအဆင့်ဆီ ရောက်ရှိစေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က