ပွဲအပြီးမှာ ရီးရဲလ်ကို သာသာနဲ့နာနာ နှက်သွားခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲမှာ ဘာစီလိုနာက ရီးရဲလ်ကို အဝေးကွင်းမှာ အံ့အားသင့်ဖွယ်ရာ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။ ၄-၀ နဲ့ အနိုင်ရရှိခဲ့ရာမှာ ခြေစွမ်းပြနေတဲ့ အော်ဘာမီယန်၊ ဖာရန်းတောရက်စ်တို့ ဂိုးတွေထပ်ရခဲ့ပြီး ပေးဂိုးမရှိနိုင်ပွဲကို ရရှိခဲ့ကာ မဟာပြိုင်ဘက်ကြီးရဲ့ အကောင်းဆုံးအချိန်မှာ အပြတ်အသတ်ထိုးနှက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ရာသီအစမှာ မကြုံစဖူးဆိုးရွားတဲ့ရလဒ်တွေနဲ့ တာထွက်ခဲ့တဲ့ ဘာစီလိုနာကို ဇာဗီက သူ လက်လွှဲရယူပြီး ၁၃၄ ရက်အတွင်းမှာပဲ အပြောင်းလဲကြီးပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ ကွင်းတွင်းကွင်းပြင် အလုံးစုံပြုပြင်ခဲ့ရတယ်ဆိုပေမယ့် ဇာဗီက မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့ပြီး အသင်းကို ခေါင်းပြန်ထောင်လာစေခဲ့ကာ အမှတ်ပ​ေးဇယားထိပ်ပိုင်းအထိပါ နေရာယူနိုင်ခဲ့ပါတယ်။ 

ရီးရဲလ်အတွက်တော့ ပိုပြီးနာကျင်ရတာက ပွဲအပြီးမှာ ဇာဗီရဲ့ ပြောစကားတွေဖြစ်ပါတယ်။ "အမှတ်ပေးဇယားထိပ်ဆုံးက အသင်းကို သူတို့ကွင်းမှာ ကျနော်တို့ အနိုင်ရခဲ့တာပါ၊ ဒီထက်မက ခက်ခဲမယ့်ပွဲလို့လည်း မျှော်လင့်ခဲ့တာပါ" လို့ ဇာဗီက ပြောဆိုခဲ့တာပါ။ ဆိုလိုတာကတော့ ဒီပွဲက သူတို့ထင်မှတ်သလောက် မခက်ခဲခဲ့ပဲ လွယ်လွယ်ကူကူနဲ့ အနိုင်ရရှိခဲ့တာလို့ သာသာနဲ့နာနာနှက်သွားခဲ့တာဖြစ်ပါတယ်။ 

သင်္ချာနည်းအရကြည့်မယ်ဆိုရင်လည်း ဘာစီလိုနာက ၁၀ ပွဲကစားဖို့အကျန်မှာ ၉ ပွဲကစားဖို့ကျန်နေတဲ့ ရီးရဲလ်နဲ့ ၁၂ မှတ်သာကွာဟတာမို့ အမှတ်ပေးဖလားကို မျှော်လင့်လို့ရနေပါသေးတယ်။ ဒါတွေက ဇာဗီလက်ထက်မှာမှ ဖြစ်တည်လာခဲ့တာဖြစ်ပြီး အသွင်သစ်၊ အမြင်သစ်နဲ့ ဘာစီလိုနာကို သူ တည်ဆောက်နိုင်ခဲ့တာဖြစ်သလို ရီးရဲလ်အပေါ် အကြီးမားဆုံးနိုင်ပွဲတပွဲရယူနိုင်ခဲ့တာကလည်း ပရိသတ်တွေကို စိတ်က​ျေနပ်စေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က