ကာရာဘောင်းဖလားပွဲက ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ အသင်းရဲ့အထလေးမှုအပေါ် စိတ်ပျက်မိတယ်လို့ နည်းပြဆိုးလ်ရှာ။က ပြောဆိုလိုက်ပါတယ်။ ပွဲချိန် ၉ မိနစ်မှာကတည်းက လန်ဇီနီရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပေမယ့်လည်း ချေပဂိုးပြန်လည်မသွင်းယူနိုင်ခဲ့လို့ ယူနိုက်တက်တို့ စောစောစီးစီးပဲ ဖလားတစ်လုံးလက်လွှတ်ခဲ့ရသလို ၁၄ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ အေရေးနိမ့်ခဲ့ရပါတယ်။ 

ယူနိုက်တက်အနေနဲ့ ဂိုးကန်သွင်းခွင့် ၂၇ ကြိမ်အထိ ရရှိခဲ့ပေမယ့် တစ်ဂိုးမှရအောင် မသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ထူးခြားစွာနဲ့ပဲ အသင်းအတွက် ၃ပွဲဆက်တိုက်ဂိုးသွင်းပေးထားတဲ့ ရော်နယ်ဒိုကို အနားပေးထားချိန်မှာ ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပြီး ယုံကြည်မှုရအောင် ယူရမယ့် မာရှယ်ကလည်း စိတ်ပျက်စရာပုံစံကိုသာ ပြသခဲ့ပြီး ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။ 

ပွဲအပြီးမှတော့ ဆိုးလ်ရှားက "အထလေးနေမှုကို ဖြေရှင်းဖို့လိုပါတယ်၊ သူတို့ သွင်းဂိုးတစ်ဂိုးရခဲ့ပြီးနောက် ကျွန်တော်တို့ ကစားပုံကောင်းခဲ့တာပါ၊ ဂိုးကန်သွင်းခွင့် ၂၇ ကြိမ်ရခဲ့ပေမယ့် ဂိုးမှမရခဲ့တော့ အချက်အလက်တွေက ဘာအဓိပ္ပာယ်မှတော့မရှီပါဘူး၊ ဂရင်းဝုဒ်ဝင်လာခဲ့ပြီးနောက် အကောင်းဆုံးအခွင့်အရေးတစ်ကြိ်မ်ရခဲ့ပါတယ်၊ သူက ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုကို ပြသခဲ့ပါတယ်၊ လန်းဆန်းပေါ့ပါးနေပေမယ့်လည်း နည်းနည်းနောက်ကျသွားခဲ့ပါတယ်"

"နောက်ဆုံးခြောက်မိနစ်၊ ခုနှစ်မိနစ်မှာ ကျွန်တော်တို့စိတ်အားထက်သန်မှုအပြည့်နဲ့ကစားနိုင်ခဲ့ပြီး ဂိုးတွေသွင်းယူနိုင်ခဲ့သင့်ပါတယ်၊ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရမှာပါ၊ ဒါပေမယ့်လည်း ဒါက ရာသီရှည်တစ်ခုပါပဲ။ သူတို့ကို ကျွန်တော်အပြစ်တင်နေလို့မရပါဘူး၊ ကျွန်တော်တို့မှာ ကြီးကျယ်တဲ့ပွဲတွေကစားရဖို့ ရှိနေပါတယ်၊ ကျွန်တော်တို့ လိုချင်တဲ့ရလဒ်တွေရအောင် ကြိုးစားရပါဦးမယ်၊ ဒီဖလားပြိုင်ပွဲက ထွက်ခွာရတာက သိပ်တော့မကြီးကျယ်လှပါဘူး၊ စနေနေ့ပွဲအတွက် အာရုံစိုက်ရပါလိမ့်မယ်" လို့ ဆိုးလ်ရှားက ပြောဆိုသွားခဲ့ပါတယ်။ 


ယူနိုက်တက်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲမှာ ၂ပွဲအထိ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒီပွဲမှာတော့ ဂိုးပေါက်ပါပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ 

Share

က္က