ဟာဗက်ဇ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘန်လေရဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြုလိုက်ရတာပါ။

ဒီပွဲအတွက် ချဲလ်ဆီးက နောက်တန်းမှာ ခရစ္စတန်ဆန်၊ သီယာဂိုဆေးလ်ဗား၊ ရူဒီဂါ တိုက်စစ်အတွက် ဘာကလေ၊ အိုဒွိုင်း၊ ဟာဗက်ဇ်တို့ ပွဲထွက်လာခဲ့ပါတယ်။ ဂျော်ဂျင်ဟို၊ ကန်တေ ပါလာတဲ့ ကွင်းလယ်အတွဲက စိတ်အချရဆုံးပါပဲ။ ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲရခဲ့တဲ့ ဘန်လေတို့ကလည်း ချဲလ်ဆီးကို ခံစစ်အားပြုပြီး ရင်ဆိုင်ဖို့ ကြိုးစားခဲ့ပါတယ်။



ဒါပေမယ့် နှစ်သင်းကြား ခြေစွမ်းက အရမ်းကွာဟလွန်းပြီး ချဲလ်ဆီးကပဲ ပွဲကို လိုသလို ထိန်းချုပ်ခဲ့ပါတယ်။ ပွဲကစားချိန် (၃၃) မိနစ်မှာ ဟာဗက်ဇ်က ရီစီဂျိမ်းစ်ရဲ့ဖြတ်တင်ဘောကတစ်ဆင့် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းခဲ့ပါတယ်။

ရီစီဂျိမ်းစ်ရဲ့ တိုးတက်လာမှုက တော်တော်လေး အံ့အားသင့်စရာကောင်းပြီး လူကာကူ၊ ဗာနာတို့ ဒဏ်ရာရနေချိန်မှာ ချဲလ်ဆီးရဲ့သွင်းဂိုးတွေအတွက် သူက အများဆုံးပါဝင်ပတ်သက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးကပဲ ပွဲကို ဆက်လက်စိုးမိုးထားခဲ့ပြီး ဂိုးရနိုင်တဲ့ အခွင့်အရေးအချို့ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။

ဂိုးကံခေခဲ့သလို ဂိုးသမား နစ်ပုပ်လည်း လက်စွမ်းပြခဲ့ပါတယ်။ ပွဲကစားချိန် (၇၈) မိနစ်မှာတော့ ချဲလ်ဆီးတို့ ဂိုးပြန်ပေးလိုက်ရပြီး ဂျေးရိုဒရီဂွက်ဇ် ခေါင်းတိုက်ချပေးတာကို ဗိုင်ဒရာက ပိတ်သွင်းခဲ့တာပါ။ ဒီပွဲမှာ သိသာထင်ရှားခဲ့တဲ့အချက်က ချဲလ်ဆီးအနေနဲ့ တကယ်တမ်း ဂိုးလိုအပ်လာပြီဆိုရင် လက်ရှိ တိုက်စစ်စုဖွဲ့မှုက ပြဿနာရှိနိုင်ပါတယ်။ ထက်မြက်မှုအပိုင်း လျော့ကျနေပြီး အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေဆဲပါ။

နယူးကာဆယ်နဲ့ပွဲတည်းက ဒီအချက်က သိသာခဲ့ပြီး ရီစီဂျိမ်းစ်ရဲ့သွင်းဂိုးတွေကြောင့်နိုင်ခဲ့သလို မာလ်မိုနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း တစ်လုံးတည်းကပ်နိုင်ခဲ့တာပါ။ ချဲလ်ဆီးအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်ရှိနေပေမယ့် ဒီသရေပွဲကြောင့် မနက်ဖြန်မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့လီဗာပူးပွဲမှာ ဒုတိယနေရာက လီဗာပူးသာနိုင်ခဲ့ရင် ရမှတ် (၁) မှတ်သာ ကွာဟတော့မှာဖြစ်ပါတယ်။

အခြားသောပွဲစဥ်တွေမှာတော့ နော့ဝစ်ချ်က ဒီရာသီ ပထမဆုံးနိုင်ပွဲအဖြစ် ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ ဝုလ်ဗ်ကို အိမ်ကွင်းမှာ (၂) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

Share

က္က