ပွဲကို ပစ်ထားပြီး ရိုဒရီဂိုကို ဘာတွေ သွားပြောခဲ့လဲဆိုတာ ပြောပြခဲ့တဲ့ အန်ဆလော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကာလို အန်ဆလော့တီဟာ ဗီလာရီးရဲလ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါဒယ်ရေးပွဲစဉ်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီးနောက် လက်ဆွဲမနှုတ်ဆက်ခဲ့တဲ့ ရိုဒရီဂိုကို ဒေါသပေါက်ကွဲခဲ့ပါတယ်။

အီတျန် ကပူက ဗီလာရီးရဲလ်အသင်းအတွက် ပထမပိုင်း ၅ မိနစ်မှာ အံ့အားသင့်ဖွယ် ဦးဆောင်ဂိုး သွင်းယူသွားခဲ့ပြီးနောက် ဆမ်မြူရယ် ချူကဝူဇေက ပထမပိုင်း မပြီးဆုံးခင်မှာ နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်ဆလော့တီရဲ့အသင်းဟာ ဒုတိယပိုင်းမှာ အံ့အားသင့်ဖွယ် နိုင်ပွဲနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး ဗင်နီးရှပ်စ် ဂျူနီယာက ပထမချေပဂိုးကို သွင်းယူပြီးနောက် အရေးကြီးတဲ့ ချေပဂိုးကို အီဒါ မီလီတာအိုက သွင်းယူပေးခဲ့ပြီး ၈၆ မိနစ်မှာ ဆီဘာယော့စ်က အနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ၃-၂ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ကိုပါဒယ်ရေး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပေမယ့်လည်း ၎င်းတို့ရဲ့စွမ်းဆောင်ရည်ကောင်းကို အန်ဆလော့တီနဲ့ ရိုဒရီဂိုတို့ရဲ့အဖြစ်အပျက်က အရိပ်မိုးခဲ့တာ ဖြစ်ပါတယ်။ အန်ဆလော့တီဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်က အရန်ခုံတန်းမှာ စိတ်ပျက်ဒေါသထွက်နေတဲ့ရုပ်နဲ့ ထိုင်နေခဲ့ပြီးနောက် ပွဲကို ပစ်ထားပြီး အဓိပ္ပာယ်မဲ့ စကား ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပွဲအပြီးမှာတော့ ရီးရဲလ်မက်ဒရစ်နည်းပြက ၎င်းရဲ့ ကစားသမားက အဆန်စီယိုအတွက် လူစားလဲလှယ်ခြင်းခံရချိန်မှာ လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


"ကျွန်တော် သူ လူစားလဲလှယ်ခြင်းခံရတဲ့အချိန်မှာ သူ့ရဲ့လက်ကို ကမ်းပေးဖို့ မမေ့နဲ့လို့ပြောခဲ့တာပါ။ သူ မေ့သွားတာလို့ ကျွန်တော် ထင်တယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က