ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဘရာဇီးလ်အတွက် ခြေစွမ်းပြခဲ့ပါတယ်။

နေမာကတော့ ဒဏ်ရာက သက်သာလာပြီးနောက် ပြန်ကစားပေးခဲ့တဲ့ ဘရာဇီးလ်အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲမှာ ထူးရှယ်ခြေစွမ်းပြသခဲ့ပါတယ်။ ဘိုလီဗီးယား၊ ပီရူးတို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ နေမာက ၂ ဂိုးသွင်း၊ ၂ ကြိမ်ဖန်တီးပေးခဲ့ပြီး အသင်းတိုက်စစ်ကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပါတယ်။ အရင်တုန်းက​ နေမာရဲ့ ပုံစံကို ပြန်မြင်တွေ့ခဲ့ရတာဖြစ်ပြီး ပြိုင်ဘက်နောက်တန်းကို သူ့ရဲ့ ကစားဟန်က တော်တော်လေးအနှောင့်အယှက်ပေးနိုင်ခဲ့တာပါ။



ပီရူးနဲ့ ပွဲမှာလည်း အသင်းအတွက် အဖိုးတန် တလုံးတည်းသောအနိုင်ဂိုးအတွက် နောက်ဆုံးမိနစ်မှာ ထောင့်ကန်ဘောက နေမာက ဖန်တီးပေးခဲ့ပါတယ်။ ဘရာဇီးလ်တို့ ဂိုးရဖို့ ခက်နေချိန်မှာ သူ့ရဲ့ ဖန်တီးပေးမှုနဲ့ ပွဲကိုအလှည့်အပြောင်းဖြစ်စေခဲ့ပြီး မာကွင်ဟို့စ်ကလည်း အပိုင်ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီကစားသမားဘ၀ နောက်ဆုံးကာလတွေမှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး ခြေစမ်းပွဲတပွဲသာ ဝင်ကစားပေးခဲ့ရတဲ့ နေမာက သူ့မှာ ခြေစွမ်းကောင်းတွေရှိနေသေးတယ်ဆိုတာကို ​ပြသခဲ့တာပါ။

ဆော်ဒီကလပ် အယ်လ်ဟီလယ်အတွက် လုံး၀ကစားပေးရခြင်းမရှိတဲ့ ဘရာဇီးလ်တိုက်စစ်မှူးက နိုင်ငံအသင်းအတွက် အားလုံးမျှော်လင့်ထားသလိုမျိုး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ၄ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပြီး တဦးချင်းခြေစွမ်းအရရော၊ အသင်းလိုက်ခြေစွမ်းမှာပါ တော်တော်လေး အားရစရာကောင်းတဲ့ ပုံစံကို မြင်ခဲ့ရတာပါ။ ဆော်ဒီကလပ်အတွက်လည်း နေမာခြေစွမ်းပြခဲ့တာက ကျေနပ်စရာကောင်းခဲ့ပါတယ်။

ဆော်ဒီလိဂ်မှာ ကစားပေးရချိန်မှာ ဒီလိုပုံစံမျိုးကို ပြသနိုင်မယ်ဆိုရင် နေမာအတွက်တော့ ရက်သတ္တပတ်တိုင်းမှာ ဂိုးဖန်တီးမှုတွေ၊ သွင်းဂိုးတွေ ရနေမှာ သေချာပါတယ်။ ဒဏ်ရာပြသနာတွေ၊ ကွင်းပြင်ပကိစ္စတွေကို အာရုံများလေ့ရှိတဲ့ နေမာက သူ တကယ်ကစားရင် ကစားသလောက် ကောင်းတဲ့ ကစားသမားဆိုတာ ပရိသတ်တွေ ထပ်တွေ့ခဲ့ရတဲ့ နိုင်ငံတကာပွဲစဉ်ကာလဖြစ်ပြီး ကျေနပ်စရာကောင်းခဲ့တာတော့ အမှန်ပါပဲ။

Share

Loading Next Article...
က္က