မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ကလော့ပ်အတွက်တော့ ကစားသမားရဲ့ ဒဏ်ရာအခြေအနေကြောင့် စိတ်ပျက်စရာတော့ ဖြစ်လာခဲ့ရပြီး တိုက်စစ်ပိုင်းမှာ အင်အားလျော့နည်းမှုနဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။


လီဗာပူးလ်အသင်းတိုက်စစ်မှူးမိုဟာမက်ဆာလာဟာ မန်စီးတီးနဲ့ပွဲမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အီဂျစ်အသင်းရဲ့ အာဖရိကဖလားခြေစစ်ပွဲစဉ် ၂ပွဲကို လွဲချော်သွားပြီဖြစ်ပါတယ်။ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီသတင်းကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ကစားသမားအနေနဲ့ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ရေးသားဖော်ပြခဲ့ကြောင်း Sportskeeda က ပြန်လည်ဖော်ပြခဲ့ပါတယ်။

မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖာနန်ဒင်ဟိုနဲ့ ထိခိုက်မိခဲ့ပြီးနောက် ဆာလာက ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဆာလာအနေနဲ့ ပြီးခဲ့တဲ့လအတွင်းက လက်စတာကွင်းလယ်လူချောင်ဒရီရဲ့ ဖြတ်ထုတ်မှုကြောင့် အဆိုပါဒဏ်ရာရရှိခဲ့ဖူးပြီး ဒဏ်ရာဟောင်းကို ပြန်လည်ထိခိုက်ခဲ့ရတာဖြစ်ကာ ရက်အတန်ကြာအနားယူရတော့မှာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးကို ပွဲကစားချိန် ၈၇ မိနစ်မှာ လူစားလဲလှယ်ခဲ့ရပါတယ်။ အဆိုပါပွဲမှာ ဆာလာက အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ကလော့ပ်အတွက်တော့ ကစားသမားရဲ့ ဒဏ်ရာအခြေအနေကြောင့် စိတ်ပျက်စရာတော့ ဖြစ်လာခဲ့ရပြီး တိုက်စစ်ပိုင်းမှာ အင်အားလျော့နည်းမှုနဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ကင်ညာ၊ ကိုမိုရို့စ်တို့နဲ့ ကစားရမယ့် ပွဲစဉ်နှစ်ပွဲကို ဆာလာက လွဲချော်မှာဖြစ်ပါတယ်။ ဒီရာသီမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၉ ဂိုးအထိ သွင်းယူပေးထားတဲ့ ဆာလာရဲ့ ဒဏ်ရာဟာ ဘယ်လောက်ထိ အနားယူရမလဲဆိုတာကို အတိအကျမသိရှိရသေးပါဘူး။ အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ရဦးမှာဖြစ်ပြီး ပဲလေ့စ်နဲ့ ကစားရမယ့် အမှတ်ပေးပွဲကိုပါ ဆာလာက လွဲချော်ဖွယ်ရှိနေပါတယ်။

Share

က္က