မူလက ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေး‌စေမယ်လို့ ‌ပြောထားတာပါ။

အိုလံပီယာကော့စ်သူဌေးက အာဆင်နယ်နဲ့တွေ့တဲ့ပွဲအပြီး ၁၂ရက်နေ့မြောက်မှာ သူ့ဆီမှာ ရောဂါပိုး ရှိနေပြီလို့ သတင်းထုတ်ပြန်လိုက်တာကြောင့်မန်စီးတီးနဲ့ပွဲကို မကစားရတော့တာပါ။

အာဆင်နယ်အသင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေတယ်လို့ ယူဆတဲ့အတွက် မန်စီးတီးနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဥ်ကို ပွဲရွှေ့ခဲ့ပါတယ်။



အိုလံပီယာကော့စ်အသင်းပိုင်ရှင်က သူ့အနေနဲ့ အာဆင်နယ်အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်အချို့ကို အီးမရိတ် မှာ ကစားခဲ့ယူရိုပါလိဂ်ပွဲစဥ်အတွင်း ပွေ့ဖက်နှုတ်ဆက်မှု ပြုလုပ်အပြီး ၂ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရှိနေပြီလို့ သိတဲ့အကြောင်း တွစ်တာကတဆင့် သတင်းဖော်ပြခဲ့တာပါ။

အဲ့နောက်မှာတော့ အက်ဖ်အေက အာဆင်နယ်အသင်းရဲ့ ပွဲစဥ်ကို ရွှေ့ဆိုင်းလိုက်ပြီး အာဆင်နယ် ကစားသမား တွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို ဆေးစစ်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အိုလံပီယာကော့စ်အသင်းသားတွေအားလုံးကိုလည်း ဆေးစစ်မှု ပြုလုပ်ခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ်မရှိဘူးလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အခုအခါမှာတော့ အာဆင်နယ်အသင်းသားတွေကို မူလဆေးစစ်မယ်လို့ ဆိုထားပေမယ့် စစ်ဆေးသွားတော့မှာ မဟုတ်တဲ့အကြောင်း BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။

ဒါပေမယ့်လည်း ဥမင်ထဲမှာ အိုလံပီယာကော့စ်အသင်းပိုင်ရှင်နဲ့ နှုတ်ဆက်ခဲ့တဲ့ အာဆင်နယ်ကစားသမား ၅ဦးလောက်ကတော့ သီးခြားထားရှိခြင်း ခံခဲ့ရတယ်လို့တော့ သိရပါတယ်။

ဒါပေမယ့်လည်း သီးခြားထားရှိစေတဲ့ ၁၄ရက်ကို မရှိစေတော့ပဲ မူလစီစဥ်ထားတဲ့အတိုင်း ဘရိုက်တန်နဲ့ လိဂ်ပွဲအတွက် အင်္ဂါနေ့ကစတင်ကာ ပြန်လည်ပြင်ဆင်နေပြီလို့လည်း သိရပါတယ်။

UK မှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆ဦးထိ ရှိနေခဲ့ပြီ ဖြစ်ပြီး  ၃၈၂ ဦး ကူးစက်ခံထားရပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က