ဆိုးရွားတဲ့တံကောက်ကြောဒဏ်ရာကို ရရှိခဲ့တယ်လို့ သိရပြီး လီဗာပူးလ်တို့ ပွဲကျပ်တွေဆက်တိုက်ကစားရတော့မယ့်အချိန်မှာမှ အားထားရတဲ့ ကစားသမားတစ်ဦးကို လီဗာပူးလ်တို့ လက်လွှတ်ရတော့မှာပါ။
လီဗာပူးလ်အသင်းတိုက်စစ်မှူးဖာမီနိုဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲမှာ ရရှိခဲတဲ့ ဒဏ်ရာကြောင့် တစ်လကြာအနားယူရတော့မယ်လို့ နည်းပြကလော့ပ်ကအတည်ပြုလိုက်ပါတယ်။ ဆိုးရွားတဲ့တံကောက်ကြောဒဏ်ရာကို ရရှိခဲ့တယ်လို့ သိရပြီး လီဗာပူးလ်တို့ ပွဲကျပ်တွေဆက်တိုက်ကစားရတော့မယ့်အချိန်မှာမှ အားထားရတဲ့ ကစားသမားတစ်ဦးကို လီဗာပူးလ်တို့ လက်လွှတ်ရတော့မှာပါ။
"ဘော်ဘီအတွက်တော့ သတင်းဆိုးဖြစ်ပြီး ဆိုးရွားတဲ့ တံကောက်ကြောဒဏ်ရာကို သူ ရရှိသွားခဲ့တာပါ၊ တကယ်ကို ကံဆိုပါတယ်၊ သူ ဘယ်လောက်ထိ အနားယူရမလဲဆိုတာကို အတိအကျမသိရသေးပေမယ့် နိုင်ငံတကာပွဲတွေအပြီးမှာ သူ ပြန်ကစားပေးနိုင်ဖို့တော့ မျှော်လင့်ပါတယ်၊ ဒိအတွက်လည်း ကျွန်တော်တို့ကြိုးစားသွားမှာပါ" လို့ ကလော့ပ်က အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။
ဒီရာသီမှာ ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်ရဲ့ ရှုံးပွဲမရှိတဲ့ တစ်ခုတည်းသောအသင်းအဖြစ် လီဗာပူးလ်က ရပ်တည်နေတာဖြစ်ပါတယ်။ ဖာမီနိုက အသင်းတိုက်စစ်ပိုင်းမှာ ပုံမှန်ကစားခွင့်ရရှိနေသူဖြစ်ပြီး သူ မကစားနိုင်ချိန်မှာ လီဗာပူးလ်ရဲ့ ရစ်သမ်မှန်နေတဲ့ တိုက်စစ်ပိုင်းက အားနည်းလာဖွယ်ရာရှိနေပြီး ကလော့ပ်အနေနဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံးဖြည့်တင်းနိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။