အချိန်ပိုမှာ အနိုင်ရရှိခဲ့တာပါ။

အင်ဒိုနီးရှားနဲ့ ထိုင်းတို့ရဲ့ ဆီးဂိမ်းဗိုလ်လုပွဲကတော့ တော်တော်လေးအကြိတ်အနယ်ရှိခဲ့ပါတယ်။ ကစားပုံ၊ ကစားအားကောင်းတဲ့ အသင်းတွေဖြစ်လို့ ပွဲက မြိုင်ဆိုင်ခဲ့ပြီး ဗိုလ်လုပွဲနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို နှစ်သင်းစလုံးက ပြသနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ အင်ဒိုနီးရှားက ပိုကောင်းခဲ့ပြီး သူတို့ထုံးစံအတိုင်း တိုက်စစ်ကို မြန်မြန်ဆန်ဆန်နဲ့ ကစားခဲ့ပြီး ထိုင်းနောက်တန်းကို တော်တော်လေးအလုပ်ရှုပ်စေခဲ့ပါတယ်။ 


လက်ပစ်ဘောတွေကနေ ဂိုးတွေရယူလေ့ရှိတဲ့အတိုင်း ဒီပွဲမှာလည်း အင်ဒိုနီးရှားက အဖွင့်ဂိုးကို လက်ပစ်ဘောမြှောက်ပေးပြီး ခေါင်းတိုက်သွင်းယူကာ ရယူသွားခဲ့ပါတယ်။ ဒီနောက် ပထမပိုင်းပြီးခါနီးမှာတော့ ထိုင်းနောက်ခံလူနဲ့ ဘောလုံးအပြိုင်လုရင်း ကန်သွင်းခဲ့ရာမှာ ဂိုးရှေ့ထွက်လာတဲ့ ထိုင်းဂိုးသမားကိုကျော်ပြီး ဂိုးထဲဝင်သွားလို့ အင်ဒိုနီးရှားက နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပါတယ်။ 

ထိုင်းက ဒုတိယပိုင်းမှာ ကစားအားထပ်တင်ခဲ့ပြိး ချေပဂိုးတွေရဖို့ တော်ာတော်လေး ညှစ်ကန်ခဲ့ပါတယ်။ ထိုင်းဖိအားပေးမှုကို အင်ဒိုနီးရှားလည်း တော်တော်လေးသတိထားကာကွယ်နေခဲ့ရပြီး နောက်ထပ်ဂိုးရဖို့ကို သူတို့လည်း အားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ထောင့်ကန်ဘောကတဆင့် ထိုင်းက ချေပဂိုး ၁ ဂိုးပြန်သွင်းခဲ့ချိန်မှာ ပွဲက အရှိန်ပိုမြင့်သွားခဲ့ပါတယ်။ 


ပွဲချိန်နောက်ဆုံး ၁၀ မိနစ်မှာ ပွဲက တော်တော်လေးကို ပြင်းထန်ခဲ့ပြီး ထိုင်းက တောက်လျှောက်ကို တိုက်စစ်ဆင်နေခဲ့ပါတယ်။ အင်ဒိုနီးရှားကလည်း ဂိုးထပ်မပေးရအောင် တောင့်ခံကစားခဲ့ပေမယ့် ပွဲချိန်နောက်ဆုံးမိနစ်မှာ ထိုင်းကျ ချေပဂိုးပြန်သွင်းလို့ ၂-၂ သရေဖြစ်ကာ အချိန်ပိုထပ်ကစားခဲ့ရပါတယ်။ ကွင်းလယ်ဒိုင်က ပွဲသိမ်းခရာမှုတ်တယ်ထင်ပြီး အင်ဒိုနည်းပြအဖွဲ့က အောင်ပွဲခံနေချိန်မှာ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။


အချိန်ပိုမှာ ပွဲက ပိုပြင်းထန်ခဲ့ပြီး အင်ဒိုနီးရှားက ဦးဆောင်ဂိုးထပ်သွင်းပြီး ၃-၂ နဲ့ ဦးဆောင်ခဲ့ချိန်မှာ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ခဲ့ပြီး ကစားသမားတဦးစီ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို အချိန်ပိုပထမပိုင်းပြီးခါနီးမှာ ထိုင်းကစားသမားတဦး ဖျက်ထုတ်ပုံကြမ်းလို့ နှစ်ဝါတနီနဲ့ ထပ်မံထုတ်ပယ်ခံရကာ ၉ ဦးတည်းနဲ့ ကစားခဲ့ရပါတယ်။ 


အင်ဒိုနီးရှားတို့ ကစားသမားပါ အသာစီးရသွားတဲ့နောက် နောက်ထပ် ၂ ဂိုးထပ်မံသွင်းယူခဲ့ကာ ၅-၂ နဲ့ ထိုင်းကို အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီရွှေတံဆိပ်ကတော့ အင်ဒိုနီးရှားအတွက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲမှာ ၃ ခုမြောက်ရရှိခဲ့တာဖြစ်ပြီး ၁၉၉၁ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ပြန်လည်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ၃၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ရရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်းများစွာက အိပ်မက်ကို အသက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က