မန်စီးတီးပရိသတ်တွေအတွက်တော့ တော်တော်လေးထိတ်လန့်စရာမြင်ကွင်းဖြစ်ခဲ့ပါတယ်။

မနေ့က ကစားခဲ့တဲ့ မန်စီးတီး-လီဗာပူးလ်ပွဲကတော့ တော်တော်လေးအကြိတ်အနယ်ရှိခဲ့ပြီး နှစ်သင်းစလုံးကလည်း နိုင်ပွဲရဖို့ ပညာကုန်ထုတ်သုံးခဲ့လို့ ပရိသတ်တွေအတွက် ကြည့်ရကျိုးနပ်တဲ့ ပွဲတပွဲဖြစ်ခဲ့ရပါတယ်။ တဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ကာ ကျေနပ်သင့်တဲ့ ရလဒ်တခုအဖြစ်ထွက်ပေါ်ခဲ့ပြီး မန်စီးတိးက အမှတ်ပေးဇယားမှာ ၁ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နေဆဲဖြစ်ပါတယ်။ 

မန်စီးတီးတို့ အခွင့်အရေးပိုရခဲ့ပြီး အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရသလို လီဗာပူးလ်ကလည်း ဦးဆောင်ဂိုးပေးလိုက်ရတဲ့အချိန်တိုင်း ချေပဂိုးရဖို့အတွက် တိုက်စစ်တွဲလုံးကောင်းတွေ၊ ကွင်းလယ်ကနေ ပေးပို့ပုံကောင်းကောင်းတွေနဲ့ ပြန်လည်ထိုးဖောက်နိုင်ခဲ့ပြီး နည်းပြနှစ်ဦးကြားမှာရော၊ ကစားသမားတွေကြားမှာပါ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ ပွဲတပွဲဖြစ်ခဲ့ပါတယ်။ 

စိတ်လှုပ်ရှားစရာအကောင်းဆုံးအခိုက်အတန့်ကတော့ မန်စီးတီးဂိုးသမားအီဒါဆန်ရဲ့ ဘောလုံးရယူထားချိန်တခုပါ။ အသင်းဖော်တွေနဲ့ အပေးအယူလုပ်ပြီး ကစားကွက်တည်ဆောက်မှုမှာ ပါဝင်နေခဲ့တဲ့ အီဒါဆန်ဟာ ဧရိယာထဲ ဘောလုံးကိုင်ထားချိန် နည်းနည်းကြာမြင့်လာပြီး လီဗာပူးလ်တိုက်စစ်ကစားသမား ဂျိုတာက ဖိအားလိုက်ပေးချိန်မှာတော့ စိတ်ပျံ့လွင့်ပြီး ကိုယ့်ဂိုးပေါက်ထဲကိုယ် ဘောလုံးဝင်တော့မလိုဖြစ်ခဲ့ရပါတယ်။

ဘောလုံးဟာ ဂိုးလိုင်းစည်းအစပ်ကိုတောင်မှ ရောက်ရှိနေခဲ့ပြီး အီဒါဆန်တယောက် ကမန်းကတန်းနဲ့ လိုက်ဆယ်ပြီး အသင်းဖော်ဆီ ဘောလုံးပေးခဲ့ရပါတယ်။ ဂျိုတာကလည်း ဂိုးရဖို့အတွက် လျှောထိုးကာ ဟန့်တားခဲ့ပေမယ့် လွတ်ထွက်သွားခဲ့လို့ မန်စီးတီးတို့ ကံကောင်းခဲ့ရပြီး တကယ့်ကို အသည်းယားစရာမြင်ကွင်းဖြစ်ခဲ့ရပါတယ်။ 


ပြီးခဲ့တဲ့ပွဲတွေမှာ အသင်းဂိုးပေါက်ရှေ့ခြင်တောင်ကိုက်မလိုဖြစ်နေခဲ့ပြီး ကွင်းလယ်ထိတက်ကာ ငုတ်တုပ်ထိုင်ကြည့်နေခဲ့ရတဲ့ အီဒါဆန်တယောက် လီဗာပူးလ်နဲ့အတွေ့မှာတော့ ပျာယာခတ်နေခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က