ရိုဒရီဂို၊ ဒီဘရိုင်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့တာပါ။

မန်စီးတီးအနေနဲ့ ၂ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာပါ။

မုန်တိုင်းကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ပွဲစဉ်မှာ မန်စီးတီးက အကောင်းဆုံးပုံစံရှိနေခဲ့ပါတယ်။ အဂူရို၊ ဂါဘရီရယ်ဂျီဆ က်၊ ဒီဘရိုင်းတို့ ပါဝင်လာခဲ့တဲ့ မန်စီးတီးရဲ့အစုအဖွဲ့က ပွဲအစကတည်းက ဂိုးရလုနီးပါးအခြေအနေတွေကိုပိုင်ဆို င်ခဲ့ပြီး အထိရောက်ဆုံးတိုက်စစ်ဆင်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။

ဟယ်လာ၊ လန်ဇီနီ၊ ဖိလစ်ပီအန်ဒါဆန်တို့ကို အရံကစားသမားစာရင်းအဖြစ်သာအသုံးပြုခဲ့တဲ့ ဝက်စ်ဟမ်းနည်းပြ ရဲ့ လူထုတ်ပုံက အိမ်ရှင်အသင်းအတွက် အခွင့်အရေးတစ်ခုဖြစ်လာစေခဲ့ပါတယ်။ ဒီဘရိုင်းရဲ့အတိုးအလှုပ်များ က ဝက်စ်ဟမ်းခံစစ်ကို အလုပ်ရှုပ်စေခဲ့ပြီး ဂိုးရလုနီးပါးအခြေအနေများစွာကို မန်စီးတီးတို့ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။



ပထမပိုင်းတစ်ပိုင်းလုံး မန်စီးတီးကပဲ ပွဲကိုဦးဆောင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၈၉-၁၁ ရာခိုင်နှုန်းအထိကွာဟခဲ့ခြ င်းနဲ့အတူ ဝက်စ်ဟမ်းအနေနဲ့ ခံစစ်မှာပဲအလုပ်ရှုပ်နေခဲ့ပါတယ်။ ပွဲချိန်မိနစ် ၃ဝမှာတော့ မန်စီးတီးတို့မထင်မှတ် ဘဲ ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ဒီဘရိုင်းရဲ့ ထောင့်ကန်ဘောကနေတဆင့်ဖန်တီးပေးခဲ့တာကို ကွင်းလယ်ကစားသ မား ရိုဒရီဂိုက အမှားအယွင်းမရှိအဆုံးသတ်နိုင်ခဲ့လို့ ဝက်စ်ဟမ်းအသင်းဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပါတယ်။

ဒုတိယပိုင်းမှာလည်း ဝက်စ်ဟမ်းအသင်းထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေပြုလုပ်နိုင်ခြင်းမရှိဘဲ အိမ်ရှင်အသင်း ကို တန်ပြန်တိုက်စစ်နဲ့သာရင်ဆိုင်ခဲ့ရပါတယ်။ မန်စီးတီးတိုက်စစ်က အဂူရိုနဲ့ဂါဘရီဂျီဆက်တို့လည်းအခွင့်အရေး ကိုယ်စီရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၅၅မိနစ်နောက်ပိုင်းမှာ ဝက်စ်ဟမ်းအသင်းကစားပုံပြန်ကောင်းလာခဲ့ပေမယ့် ဂိုးပေါက်တည့်မှုတစ်ကြိမ်မှမရှိ ခဲ့ပါဘူး။ ပွဲချိန်မိနစ် ၆ဝမှာတော့ ဒီဘရိုင်းကမန်စီးတီးအသင်းအတွက်ဒုတိယမြောက်အနိုင်ဂိုးသွင်းယူခဲ့ပြီးတဲ့နော  က် ဧည့်သည်အသင်းကစားပုံလုံးဝကျဆင်းခဲ့ပြီး ဂိုးထပ်ပေးရနိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

လက်ကျန်ပွဲချိန်မှာတော့ မန်စီးတီးအသင်းက ပွဲကိုထိန်းကစားသွားခဲ့ပြီး ဝက်စ်ဟမ်းအသင်းကလည်း ဂိုးရဖို့ထ က် ဂိုးထပ်မပေးရဖို့အတွက်ပဲ အာရုံစိုက်ခဲ့တဲ့အတွက် ပွဲအပြီး မန်စီးတီးတို့ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပြည်တွင်းပွဲစဉ် တွေအတွင်း ၂ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့မှုကို အဆုံးသတ်နိုင်သွားနိုင်ခဲ့ပါတယ်။

Share

က္က