ကာရေဂါက ပထမပိုင်းကတည်းက လေတိုက်ခဲ့တာပါ။

လီဗာပူး ဂန္တဝင်ကစားသမားဟောင်းကြီး ကာရေဂါက ယူနိုက်တက်နဲ့ ဗီလာပွဲ ပထမပိုင်းအပြီးမှာတင် ယူနိုက်တက်ကို လှောင်ပြောင်ခဲ့လို့ အရှက်ကွဲခဲ့ရပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ပထမပိုင်းမှာတင် အက်စတွန်ဗီလာဘက်က အမြင့်ဘောတွေကတစ်ဆင့် နှစ်ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပထမပိုင်းအပြီးမှာ ဗီလာတို့ အိုးထရက်ဖို့ဒ်မှာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒီလိုမျိုး အချိန်မှာပဲ ကာရေဂါက “လီဗာပူးတို့ ယူနိုက်တက်ကို အိမ်ကွင်းမှာ သရေကျခဲ့တာက ဒီရာသီမှာ လီဗာပူးအတွက် အဆိုးရွားဆုံးရလဒ်ပဲ” လို့ ပြောထားတဲ့အကြောင်းကို ဆိုရှယ်မီဒီယာပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ လီဗာပူးဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့တာပါ။

အဲ့ဒါကြောင့်လည်း ဗီလာကို ယူနိုက်တက်တို့ ရှုံးနိမ့်နေချိန်မှာ ကာရေဂါက ဒီအကြောင်းကို ပြန်လည်အစဖော်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ယူနိုက်တက်အတွက် ချေပဂိုးနှစ်ဂိုးကို ဂါနာချိုက သွင်းယူပေးခဲ့ပြီး ဟို့ဂျ်လန်းက အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ကာရေဂါတစ်ယောက် ယူနိုက်တက်ကို လေတိုက်ထားတဲ့ စာသားသာ အဖတ်တင်ခဲ့ရပြီး ပရိသတ်တွေရဲ့ ပြန်လည်လှောင်ပြောင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကာရေဂါဟာ လီဗာပူးဂန္တဝင်ဟောင်းတစ်ယောက်ဖြစ်တာကြောင့်လည်း ယူနိုက်တက်ကို မုန်းတီးပြီး အမြဲလိုလို ဝေဖန်ထိုးနှက်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က