ဂိုးလည်း သွင်း၊ ဂိုးလည်း ဖန်တီးနိုင်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ အယ်လ်ရီယက်ဒ်တို့ရဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်နာဆာက ခြေပြတ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲက ရော်နယ်ဒိုအတွက် ကစားသမားဘဝ ပွဲပေါင်း (၁၂၀၀) ပြည့်မြောက်ခဲ့တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။



ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အနားရခဲ့တဲ့ ရော်နယ်ဒို ဒီနေ့ပွဲမှာတော့ ပွဲထွက်လာခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သလို ပထမပိုင်းနာကျင်အချိန်ပိုမှာ ရရှိခဲ့တဲ့ အိုတာဗီယိုရဲ့ ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ သွင်းဂိုးကိုတော့ မာနေးက ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ တာလစ္စကာက အသင်းအတွက် နှစ်ဂိုး ထပ်မံ သွင်းယူပေးခဲ့ပြီး အယ်လ်ရီယက်ဇ်ရဲ့ ချေပဂိုးတစ်ဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ပွဲအပြီးမှာ ၄-၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ရော်နယ်ဒိုက ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝ မှတ်တိုင်ပွဲတစ်ခုမှာ ဂိုးလည်းသွင်း၊ ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒိုဟာ ဒီရာသီ ကစားပြီးခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ တစ်ပွဲပျမ်းမျှ (၁) ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။
(၁၅) ပွဲ ပါဝင်ကစားထားတဲ့ ရော်နယ်ဒိုဟာ အသင်းအတွက် (၁၆)​ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုကလည်း​ (၈) ကြိမ်အထိ ပြုလုပ်ကာ အသက် (၃၈) နှစ်အရွယ်နဲ့ မလိုက်တဲ့ ခြေစွမ်းကို ပြသနေဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က