တကယ်ကို စိတ်လှုပ်ရှားစရာ အုပ်စုနောက်ဆုံးပွဲစဉ်တွေဖြစ်ခဲ့ပါတယ်။

Group H ရဲ့ အုပ်စုနောက်ဆုံးပွဲတွေမှာတော့ ဥရုဂွေးက ဂါနာကို ပင်နယ်တီကျိန်စာဆိုးတွေ ထပ်ပေးပြီး အနိုင်ယူခဲ့ပေမယ့် တောင်ကိုရီးယားက ပေါ်တူဂီကို အနိုင်ရသွားခဲ့လို့ အုပ်စုနေ နှစ်သင်းစလုံး လှည့်ပြန်ခဲ့ရပါတယ်။ ပွဲကစားချိန် ၁၆ မိနစ်မှာ ဂါနာတို့ ပင်နယ်တီရခဲ့တာဖြစ်ပြီး အန်ဒရေအယူးကန်သွင်းခဲ့ပေမယ့် ဥရုဂွေးဂိုးသမားကာကွယ်သွားနိုင်ခဲ့ပါတယ်။ 

ဒီပင်နယ်တီကာကွယ်ပြီး သိပ်မကြာခင်မှာပဲ ဥရုဂွေးအတွက် ဒီအရာစကာရီတာက ၆ မိနစ်အတွင်းမှာပဲ ၂ဂိုးအထိ သွင်းယူပြီး ဦးဆောင်ခဲ့ပါတယ်။ ဒီဂိုးတွေက ဒီနှစ်ကမ္ဘာ့ဖလားမှာ ဥရုဂွေးတို့ ပထမဆုံးရရှိခဲ့တဲ့ သွင်းဂိုးတွေဖြစ်ပြီး အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့ အတွက်ပါ အရေးပါခဲ့ပါတယ်။ အယူးရဲ့ ပင်နယ်တီလွဲချော်မှုက ဂါနာအတွက် အများကြီး အကျိုးသက်ရောက်မှုရှိခဲ့တာပါ။ 

ပွဲကတော့ နည်းနည်းကြမ်းခဲ့ပြီး နှစ်ဖက်ကစားသမားတချို့ကြားမှာ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုတွေရှိခဲ့ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ရန်ကြွေးတွေအတွက် နှစ်သင်းစလုံးက အားကျိုးမာန်တက်ကစားခဲ့ကြလို့လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဥရုဂွေးက အခွင့်အရေးကောင်းတွေ ရချိန်မှာ အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး နောက်တဆင့်အတွက် စိတ်ချလက်ချဖြစ်အောင် ကစားနိုင်ခဲ့ပြီးမှ တောင်ကိုရီးယားရဲ့ ပေါ်တူဂီကို နိုင်ပွဲကြောင့် ဆွာရက်ဇ်တို့ ငိုကြွေးခဲ့ရပါတယ်။

တဖက်က ပေါ်တူဂီနဲ့ တောင်ကိုရီးယားပွဲစဉ်မှာ​ နောက်တဆင့်တက်ထားပြီးတဲ့ ပေါ်တူဂီက ရော်နယ်ဒိုကိုပါ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ မျှော်လင့်ချက်နည်းပါးနေပေမယ့် တောင်ကိုရီးယားက အကောင်းဆုံးကြိုးစားခဲ့ပြီး ဒီပွဲကလည်း အပြန်အလှန်သွင်းဂိုးတွေ ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီတို့ ဦးဆောင်ဂိုးရခဲ့ပေမယ့် တောင်ကိုရီးယားက ချေပဂိုးနဲ့ ဟွမ်ဟီချန်းက အဖိုးတန်အနိုင်ဂိုးတွေ ပြန်လည်သွင်းယူခဲ့ကာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အားထုတ်နိုင်ခဲ့ပါတယ်။ 

ဥရုဂွေးနဲ့ တောင်ကိုရီးယားတို့ ရမှတ်လေးမှတ်စီနဲ့ တူညီနေခဲ့သလို ဂိုးကွာခြားချက်လည်း တူညီနေခဲ့ပေမယ့် ရဂိုးအပိုင်းမှာ တောင်ကိုရီးယားက ဂိုးပိုသွင်းနိုင်ခဲ့လို့ ဥရုဂွေးတို့ရဲ့ ဂါနာကို အနိုင်ပွဲရရရှိခဲ့မှုက အချည်းနှီးသာဖြစ်ခဲ့ရပါတယ်။ တောင်ကိုရီးယားကတော့ ပွဲပြီးခါနီးရခဲ့တဲ့ အဖိုးတန်အနိုင်ဂိုးကြောင့် နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီအုပ်စုမှာတော့ ပေါ်တူဂီက အုပ်စုပထမ၊ တောင်ကိုရီးယားက အုပ်စုဒုတိယနေရာရခဲ့ပြီး ဂါနာနဲ့ ဥရုဂွေးတို့ အိမ်ပြန်ခဲ့ရပါတော့တယ်။ 


Share

Loading Next Article...
က္က