ဂျော်ဂျင်ညိုရဲ့ နာကျင်အချိန်ပိုက ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က လိဒ်စ်ယူနိုက်တက်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က အသင်းရဲ့ ကစားပုံနဲ့ပတ်သက်ပြီး အလွန်ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပေမယ့် အနိုင် ၃ မှတ်ရယူနိုင်ဖို့အတွက် ကံကောင်းမှု အနည်းငယ်လိုအပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာ ပေးခဲ့ရတဲ့ ပင်နယ်တီကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး မေဆန် မောင့်နဲ့ ဂျော်ဂျင်ညိုတိုရဲ့ သွင်းဂိုးတွေကြောင့် ပွဲအဖြေက ပြောင်းပြန် ပြန်ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျိုး ဂဲလ်ဟာ့ဒ်ရဲ့ နောက်ကျချေပဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် သရေနဲ့ပဲ ပွဲပြီးသွားတော့မယ့်ပုံပေါ်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ဂျော်ဂျင်ညိုက နောက်ထပ်ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရလဒ်ကို ရယူပေးသွားခဲ့တာဖြစ်ပါတယ်။



တူဟယ်က ချဲလ်ဆီးအသင်းအနေနဲ့ အနိုင် ၃ မှတ်ရယူဖို့အတွက် နောက်ဆုံးအခွင့်အရေးတစ်ခု ရရှိလိမ့်မယ်ဆိုတာ သေချာနေခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း နိုင်ပွဲရဖို့အတွက် ကြိုးပမ်းရာမှာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ နောက်ထပ်အခွင့်အရေးတစ်ခါလောက်ရပြီး အရာအားလုံးကို ပြောင်းလဲပစ်နိုင်ကောင်း ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည်ချက်ရှိနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပထမပိုင်းမှာ အားကောင်းကောင်းနဲ့ ကစားနိုင်ခဲ့ပြီး ချေပဂိုး ပေးခဲ့ရပြီးနောက်မှာလည်း ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ကောင်းမွန်တဲ့ တုံ့ပြန်မှု ပြသနိုင်ခဲ့လို့ပါ"

"ဒီကြားထဲမှာ ကျွန်တော်တို့ တစ်စုံတရာကို ဆုံးရှုံးသွားမှာကို ကြောက်ကြောက်နဲ့ ကစားခဲ့တဲ့အချိန် နည်းနည်းပါးပါး ရှိကောင်းရှိနိုင်ပြီး ကျွန်တော်တို့ အရမ်းပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့တာဖြစ်လို့ လုံးဝကို မရှုံးနိမ့်ချင်ပါဘူး။ အဲဒီတော့ ဟုတ်တယ်။ ခင်ဗျား ဒီလို နောက်ကျဂိုးမျိုး ရတဲ့အခါမှာ အမြဲတမ်း ကံကောင်းမှုအနည်းငယ်က ရှိနေတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို ၂ ဂိုး ခွင့်ပြုခဲ့ရတဲ့အတွက် ကျွန်တော်တို့ အလှည့်ပြန်ရောက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

က္က