ကွင်းထဲမှာလည်း ဟက်ထရစ်သွင်းခဲ့ပါသေးတယ်။

ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ဂျီဘရော်လ်တာကို ၁၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲရလဒ်က ပြင်သစ်လက်ရွေးစင် သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး နိုင်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။



ဒီပွဲမှာ ပြင်သစ်အတွက် မတူညီတဲ့ ကစားသမား (၉) ယောက်က ဂိုးတွေ သွင်းယူပေးခဲ့ပြီး အမ်ဘာပေက ဟက်ထရစ်၊ ဂျီရော့က နှစ်ဂိုး၊ ကိုးမန်က နှစ်ဂိုး အစရှိသဖြင့် သွင်းယူပေးခဲ့ကြတာပါ။ ဂျီဘရော်လ်တာဟာ ပွဲကစားချိန်အစောပိုင်းမှာကတည်းက တစ်ယောက်လျော့ခဲ့တာကြောင့်လည်း ပြင်သစ်အတွက် ပိုမိုလွယ်ကူသွားခဲ့တာဖြစ်ပါတယ်။


ပြင်သစ်နည်းပြ ဒက်ချမ့်စ်ကလည်း ပထမပိုင်းအပြီး (၇)​ ဂိုးပြတ်နဲ့ အနိုင်ရရှိထားချိန်မှာ ဆယ်ဂိုးပြတ်အနိုင်ရဖူးတဲ့ အသင်းရဲ့စံချိန်ကို ရိုက်ချိုးဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒါကိုလည်း ပြန်လည်ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ ပရိသတ်တွေက သိရှိခွင့်ရခဲ့သေးတာပါ။

ပွဲအပြီး အင်တာဗျူးမှာလည်း အမ်ဘာပေက “ဂိုးသွင်းတဲ့သူက (၉)​ ယောက်တည်း မဟုတ်ပါဘူးဗျာ။ ဆယ်ယောက်ပါ။ ဆယ်ယောက်... ဂျီဘရော်လ်တာ ကစားသမားလည်း ပါတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ပြင်သစ်ရဲ့ အဖွင့်ဂိုးဟာ ဂျီဘရော်လ်တာ ကစားသမား အီသန်ဆန်းတို့စ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ပြင်သစ်ကတော့ ယူရိုခြေစစ်ပွဲကို အောင်မြင်ပြီးဖြစ်ပြီး လာမယ့် ယူရို - ၂၀၂၄ ပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းလည်းဖြစ်ပါတယ်။ ပြင်သစ်ဟာ ပြီးခဲ့တဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ဒုတိယရခဲ့တဲ့ အသင်းတစ်သင်းပါ။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က