အဘူဘာကာတယောက် ပွဲအပြီးမှာ စကားတောင်မပြောနိုင်ဘဲ တိတ်တိတ်လေး ပြန်သွားခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ ကင်မရွန်းနဲ့အီဂျစ်တို့ရဲ့ အာဖရိကဖလား ဆီမီးဖိုင်နယ် ပွဲစဥ်မတိုင်ခင်မှာ ကင်မရွန်းအသင်းခေါင်းဆောင် ဗင်းဆင့်အဘူဘာကာက သူ့အနေနဲ့ ဆာလာကို အထင်မကြီးတဲ့အကြောင်း စကားလုံးတိုက်ပွဲဆင်နွှဲခဲ့ပါတယ်။



အဘူဘာကာဟာ အဲ့ဒီပွဲမတိုင်ခင် အာဖရိကဖလားပြိုင်ပွဲမှာ (၆) ဂိုးသွင်းထားပြီး ဆာလာကတော့ (၂) ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အဘူဘာကာက ဆာလာကို နှိမ့်ချပြောဆိုခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

အဘူဘာကာက ဆာလာက ကစားသမားကောင်းတယောက်ဖြစ်ပြီး လီဗာပူးမှာ အများကြီး စွမ်းဆောင်နိုင်ပေမယ့် အဲ့ဒီအသင်းမှာ အချိန်ကာလတခုကြာ ရှိနေတာကြောင့်ဖြစ်ကြောင်း၊ ဒါပေမယ့် အာဖရိကဖလားမှာတော့ စွမ်းဆောင်ထားတာ အများကြီးမရှိကြောင်းနဲ့ အမ်ဘာပေလို အဆင့်အတန်းမျိုးကိုတောင် မရောက်သေးကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် တကယ်တမ်း ပွဲကစားချိန်မှာတော့ အီဂျစ်နဲ့ကင်မရွန်းတို့ဟာ ပင်နယ်တီအဆုံးအဖြတ်ထိ ရောက်ရှိခဲ့ကြပြီး ကင်မရွန်းဘက်က ကစားသမားသုံးယောက်အထိ ပင်နယ်တီလွဲချော်ခဲ့တာကြောင့် အိမ်ရှင်တို့ ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရပါတယ်။ ဒီပွဲမှာ ကင်မရွန်းအတွက် ပင်နယ်တီတလုံးကို အဘူဘာကာက ဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကင်မရွန်းက ကျန်တဲ့ ကစားသမားသုံးယောက်လုံး ပင်နယ်တီမဝင်ခဲ့တာကြောင့် အီဂျစ်ဘက်က ဆာလာ မကန်ရခင်မှာတင် အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အဘူဘာကာတယောက် မီဒီယာတွေကို စကားတခွန်းတောင်မပြောဘဲ ရှောင်ကွင်းသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ခေါင်းငိုက်စိုက်နဲ့ အဝတ်လဲခန်းထဲက ထွက်လာတဲ့ အဘူဘာကာဟာ သူ့အဝတ်အစားတွေ ထည့်ထားတဲ့ အိတ်ကို ဆွဲသွားရင်း မီဒီယာတွေနဲ့ အမေးအဖြေကဏ္ဍကို ပြုလုပ်ခဲ့ခြင်း မရှိပါဘူး။ ပရိသတ်တွေကတော့ အဘူဘာကာရဲ့ဖြစ်ရပ်ကို လှောင်ပြောင်နေကြပြီး “အဘူဘာကာက ဂျာနယ်လစ်တွေကို စကားတခွန်းတောင် မပြောနိုင်တော့ပါဘူး” “ကြည့်ရတာ ဆာလာက သူ့ကို အထင်ကြီးစရာကောင်းအောင် လုပ်ပြသွားပြီထင်တယ်” လို့ ပုံစံမျိုးစုံနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ လှောင်ပြောင်လျက်ရှိပါတယ်။  

Share

က္က