ဝုလ်ဗ်ကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဝုလ်ဗ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ အိမ်ရှင် အာဆင်နယ်က ဝုလ်ဗ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အာဆင်နယ်တို့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာအတွက် မျှော်လင့်ချက် ပိုမိုကောင်းမွန်လာခဲ့ပါတယ်။



ဒီပွဲမှာ ဝုလ်ဗ်က တိုက်စစ်မှူး ဟွမ်ဟီချန်းက ပွဲကစားချိန် အစောပိုင်းမှာတင် ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး အာဆင်နယ်တို့ ချေပဂိုးတဂိုးရရှိဖို့အတွက်တောင် တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ပွဲကစားချိန် (၈၂) မိနစ်မှာ အာဆင်နယ်အတွက် ချေပဂိုးကို ပီပီ၊ ပွဲကစားချိန် နောက်ဆုံးမိနစ်ရဲ့ နာကျင်အချိန်ပိုမှာ ဝုလ်ဗ်ဂိုးသမား ဟိုဆေးဆားရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုတို့ကြောင့် အာဆင်နယ်တို့ ပွဲအပြီးမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီပွဲမှာ အာဆင်နယ်ပရိသတ်တွေအတွက် အကြီးအကျယ် ဒေါသထွက်စရာတခုလည်းရှိခဲ့ပါတယ်။ ပွဲကစားချိန် တမိနစ်မပြည့်ခင်မှာတင် အာဆင်နယ်တို့ ပင်နယ်တီရသင့်တဲ့ ဖြစ်ရပ်တခုက ရှင်းရှင်းလင်းလင်း ဖြစ်ပွားခဲ့ပါတယ်။

ဝုလ်ဗ်နောက်ခံလူ ဆီမီဒိုက အာဆင်နယ်တိုက်စစ်ကစားသမား မာတီနယ်လီကို သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ဒီပင်နယ်တီကို ကွင်းလယ်ဒိုင် အက်ကင်ဆန်က မျက်ကွယ်ပြုခဲ့ပါတယ်။ ဒါဟာ ပွဲစပြီး စက္ကန့် (၂၀) ဝန်းကျင်မှာတင် ဖြစ်ပွားခဲ့ပြီး ဒီပင်နယ်တီကို မပေးခဲ့တဲ့အပေါ် အာဆင်နယ် ပရိသတ်တွေက အကြီးအကျယ် ပေါက်ကွဲခဲ့ပါတယ်။

အက်ကင်ဆန် ကိုင်တွယ်တဲ့ပွဲတိုင်း ပြဿနာတက်လေ့ရှိတဲ့ အာဆင်နယ်ရဲ့ ပရိသတ်တယောက်ကတော့ “ဆီမီဒိုက ဘောလုံးကို မထိဘဲ မာတီနယ်လီကို ပြစ်ဒဏ်ကျူးလွန်မိပါတယ်။ ဒါပေမယ့် ပင်နယ်တီမပေးပါဘူး။ VAR ပြန်ကြည့်ဖို့အတွက်လည်း ပွဲကိုမရပ်ခဲ့ပါဘူး။ ဒါပေမယ့် ဝုလ်ဗ်က လူကျွံနေတဲ့ဂိုးကို ပြန်ကြည့်ဖို့ (၂) မိနစ်လောက် အချိန်ဖြုန်းကြပါတယ်”

“အဲ့ဒီဂိုးက စစချင်းကြည့်တာနဲ့တင် အရှင်းကြီး လူကျွံနေတာပါ” လို့ ဝေဖန်ခဲ့ပါတယ်။ အခြားသော အာဆင်နယ်ပရိသတ်တွေကလည်း အက်ကင်ဆန်နဲ့ VAR ကို ဆိုရှယ်မီဒီယာပေါ်မှာ အသီးသီးဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ 

Share

က္က