လက်ကျန်ပွဲစဉ်တွေကို ဇွန်လအတွင်း အပြီးပြန်လည်ကျင်းပမယ်လို့အက်ဖ်အေက မျှော်လင့်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲစဉ်အားလုံးရွှေ့ဆိုင်းခဲ့ရခြင်းကြောင့် ဘဏ္ဍာရေးအရဆုံးရှုံးမှုနှုန်းအမြင့်ဆုံးဖြစ်လာခဲ့ပြီး အသင်း၂ဝအားလုံးအတွက် စုစုပေါင်းစတာလင်ပေါင်တစ်ဘီလျံကျော်ဆုံးရှုံး ရဖို့ရှိနေတယ်လို့ dailymail ရဲ့ဖော် ပြချက်အရ သိရပါတယ်။
Sportmail ရဲ့စစ်တမ်းဖော်ပြချက်အရ အသင်းများအနေနဲ့ ရုပ်သံထုတ်လွှင့်ခဝင်ငွေများ၊ ကွင်းဝင်ကြေးများအပြ င်အခြားသောဝင်ငွေများစွာဆုံးရှုံးနေတာဖြစ်ပြီး အသင်းကြီးအချို့က ပိုပြီးထိခိုက်နစ်နာမှုတွေရှိနေတယ်လို့ဖော် ပြလာတာလည်းဖြစ်ပါတယ်။
ဆုံးရှုံးမှုအများဆုံးအသင်းများတွင် ပေါင်သန်း၁ဝဝကျော်ဆုံးရှုံးမှုရှိတဲ့အသင်းတွေအဖြစ် လီဗာပူး၊ မန်စီးတီး၊ မန် ချက်စတာယူနိုက်တက်တို့ပါဝင်နေပြီး အနည်းဆုံးအဖြစ် နောဝစ်ချ်အသင်းက ပေါင် ၁၉ ဒဿမ ၅သန်းအထိဆုံး ရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။
လက်ရှိရာသီီမှာ အောင်မြင်မှုရဖို့ရုန်းကန်နေရတယ်ဆိုပေမယ့် ယူနိုက်တက်အသင်းရဲ့ဆုံးရှုံးမှုက လီဗာပူး၊ မန်စီး တီးတို့ထက် ပိုများနေပြီး ပေါင်၁၁၆ဒဿမ၄သန်းရှိနေခဲ့သလို နာမည်ကြီးချဲလ်ဆီးအသင်းကတော့ ပေါင် ၉၁သ န်းသာဆုံးရှုံးခဲ့တယ်လို့ စစ်တမ်းကဖော်ပြနေတာလည်းဖြစ်ပါတယ်။
ပွဲစဉ်တွေကို အလျင်အမြန်ပြန်လည်ကျင်းပဖို့ ညှိနှိုင်းမှုအချို့ပြုလုပ်နေဆဲဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေရှိနေ သလို တစ်ဖက်တွင်လည်း ပွဲစဉ်တွေရွှေ့ဆိုင်းထားခြင်းရဲ့နောက်ဆက်တွဲအဖြစ် ပရီးမီးယားလိဂ်အသင်း ၂ဝစုစု ပေါင်းရဲ့ ဘဏ္ဍာရေးဆုံးရှုံးမှုက စတာလင်ပေါင် ၁,၀၈၂ ဒဿမ ၉ သန်းအထိရှိနေခဲ့တယ်လို့လည်း thesun က သုံးသပ်ဖော်ပြထားပြန်ပါတယ်။