ဒီကနေ့ည မန်စီးတီးနဲ့ပွဲမှာ ရော်နယ်ဒိုပါဝင်မှာ မဟုတ်ပါဘူး။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီကနေ့ညမှာ ကစားမယ့် မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲအတွက် အသင်းရဲ့ ကစားသမားစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ အသင်းတည်းခိုရာဟိုတယ်ကို ရောက်ရှိလာတဲ့ ကစားသမားစာရင်းမှာကို ရော်နယ်ဒို မပါဝင်ခဲ့တဲ့အပေါ် ပရိသတ်တွေ ဒွိဟဖြစ်ခဲ့ပါတယ်။



အစောပိုင်းက ရော်နယ်ဒိုအနေနဲ့ အသေးစားဒဏ်ရာရရှိထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် ရော်နယ်ဒိုကိုယ်တိုင်က ဒဏ်ရာပြဿနာမရှိဘဲ လူစာရင်းကနေ နှုတ်ထွက်သွားတာဖြစ်တယ်လို့ သိရှိရပါတယ်။ အကြောင်းရင်းကတော့ နည်းပြ ရန်းနစ်ဂ်ဟာ ဒီကနေ့ည ကစားမယ့် မန်ချက်စတာဒါဘီပွဲအတွက် ပွဲထွက် ကစားသမားစာရင်းမှာ ရော်နယ်ဒိုကို ချန်လှပ်ခဲ့တာကြောင့်ပါ။

ရန်းနစ်ဂ်ဟာ နည်းစနစ်ပိုင်းဆိုင်ရာ အကြောင်းပြချက်နဲ့ ရော်နယ်ဒိုကို ချန်လှပ်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကတော့ အရံခုံမှာထိုင်နေဖို့ စိတ်ကူးမရှိတာကြောင့် ကစားသမားစာရင်းကနေ နှုတ်ထွက်ဖို့ တောင်းဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။ ရန်းနစ်ဂ်ရဲ့အသင်းမှာ ရော်နယ်ဒိုအပြင် ကာဗာနီ၊ ပေါ့ဘာ၊ လုခ်ရှော၊ ဗာရန်းတို့လည်း မပါဝင်ဘူးလို့ သတင်းတွေ ထွက်နေပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အပတ်က ဝက်ဖို့ဒ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခု ရန်းနစ်ဂ်ရဲ့ လူရွေးချယ်မှုကြောင့်ဆိုတာက နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းလည်းဖြစ်ပါတယ်။

ရန်းနစ်ဂ်နဲ့ရော်နယ်ဒိုတို့အကြား အရင်တည်းက ဆက်ဆံရေး မတည်ငြိမ်မှုတွေရှိနေပြီး တိုက်စစ်မှူးနှစ်ယောက် တွဲကစားပေးဖို့ ရော်နယ်ဒိုရဲ့ တောင်းဆိုမှုကိုလည်း ရန်းနစ်ဂ်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ရန်းနစ်ဂ်ဟာ ဒီကနေ့ည မန်ချက်စတာဒါဘီမှာ သူ့စိတ်ကြိုက် ကစားကွက်၊ ကစားဟန်ကို ပုံဖော်လိုတဲ့ဆန္ဒရှိပုံရပြီး ဒီအကြောင်းပြချက်ကြောင့်လည်း ရော်နယ်ဒိုကို ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုကတော့ မန်ချက်စတာဒါဘီပွဲလို ပွဲကြီးပွဲကောင်းမျိုးမှာ အရံခုံထိုင်နေဖို့ လက်သင့်မခံခဲ့ဘဲ အခုလို ကစားသမားစာရင်းက နှုတ်ထွက်သွားတာဖြစ်နိုင်ပါတယ်။ 

Share

Loading Next Article...
က္က