အောက်တိုဘာလက နောက်ဆုံးပါဝင်ကစားပေးခဲ့ရတာပါ။

ချဲလ်ဆီးအသင်းဟာ ဘောက်ဆင်ဒေးမှာ အက်စ်တန် ဗီလာကို ၃-၁ နဲ့ အဝေးကွင်းမှာ အနိုင်ယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဆုဖလားကို ရယူဖို့ ပြိုင်ပွဲထဲ ပြန်လည်ရောက်ရှိလာပြီလို့ လူကာကူက ပြောကြားခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးဟာ ဗီလာ ပါ့ခ်မှာ ချဲလ်ဆီးအသင်း အနိုင်ရရှိအောင် စက်တင်ဘာလနောက်ပိုင်း ပထမဆုံးသွင်းဂိုးနဲ့ ကူညီပေးခဲ့တာဖြစ်ပြီး အနောက်လန်ဒန်ကလပ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ၆ မှတ်အကွာ၊ လီဗာပူးလ်နဲ့ ရမှတ်တူနေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ခြေချင်းဝတ်ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာချိန်ကတည်းက နည်းပြ တူဟယ်ရဲ့ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ကို အောက်တိုဘာလတုန်းက ကစားခဲ့ရတာဖြစ်ပါတယ်။



ဒါ့အပြင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံး ၂ ပွဲကိုလည်း လွဲချော်ခဲ့တဲ့ လူကာကူက နောက်ကျမှ လူစားဝင်ကစားရတာကို စိတ်ပျက်မှု ကြီးထွားလာခဲ့ပြီးနောက် လက်ရှိမှာတော့ ပွဲထွက်ကစားသမားစာရင်းထဲမှာ ပြန်လည် ပါဝင်ချင်နေပြီလို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ "ကျွန်တော် ဒီနေ့လိုမျိုး စွမ်းဆောင်ရည် လိုအပ်ခဲ့တယ်လို့ ထင်ပါတယ်။ ပွဲအပြီးအထိ ကွင်းထဲမှာ ရှိနေဖို့ဆိုတာ ခက်ပါတယ်။ ဘောလုံးသမားတိုင်းက ကွင်းထဲမှာပဲ ရှိနေချင်ကြတာပါ"

"နည်းပြမှာ သူ့အကြောင်းပြချက်နဲ့ သူ ရှိမှာပါ။ ဒါပေမယ့် ကျွန်တော် ဆက်ပြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်နေခဲ့ပြီး ဒီနေ့က အနိုင်ရခဲ့လို့ ပထမဆုံးအနေနဲ့ ကောင်မွန်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်တစ်ဦးတည်းအမြင်အရ ကျွန်တော့် စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပျော်ရွှင်မိပြီး ရှေ့ဆက် အားစိုက်လုပ်သွားချင်ပါတယ်။ ဂိုးကတော့ ရွေ့လျားမှုနဲ့ပဲ ဆိုင်ပါတယ်။ ဘောလုံးက ဖြတ်တင်လိုက်တာမျိုးကနေ လာနိုင်တယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ပင်နယ်တီ ဧရိယာထဲက ကျွန်တော့်ရဲ့ ရွေ့လျားမှုက ပိုပြီးကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော် တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေပြီး တစ်ချိန်လုံး ရွေ့လျားနေဖို့ ကြိုးပမ်းခဲ့ပါတယ်"

"ဖြတ်တင်ပေးပို့မှုကနေ အရမ်းကောင်းတဲ့ ဖြတ်တင်မှုဖြစ်ပြီး ပြီးတော့ ကျွန်တော် အသာခေါင်းနဲ့ တိုက်သွင်းလိုက်တယ်။ ဒါက ကျွန်တော့် လုပ်ချင်တဲ့အရာတွေထဲက တစ်ခုလို့ ထင်တယ်။ နေရာလွတ်ထဲကို ဝင်ပြေးပြီး ကျွန်တော့် မြန်နှုန်းနဲ့ စွမ်းအားကို အသုံးပြုမယ်။ နောက်ခံလူတွေက ကျွန်တော့်ကို ထိတွေ့မှုတွေ လုပ်ပြီး ပြီးတဲ့နောက်မှာ ဂျော်ဂျီက ကျွန်တော်တို့အတွက် အဆုံးသတ်ပေးခဲ့တယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က