ကာရာဘောင်ဖလားပွဲမှာ လီဗာပူးလ်ဘက်ကို သွင်းယူခဲ့တာပါ။

မန်စီးတီးတိုက်စစ်မှူးဟာလန်းကတော့ လီဗာပူးလ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ ပွဲကစားချိန် ၁၀ မိနစ်အတွင်းမှာပဲ သွင်းဂိုးတဂိုးရယူနိုင်ခဲ့ပါတယ်။ ဒီဘရိုင်းရဲ့ ဘယ်တောင်ပံက ဖြတ်တင်ပေးပို့မှုကို ဟာလန်းက အနီးကပ်ပိတ်သွင်းယူခဲ့တာဖြစ်ပြီး ကလပ်အသင်းပွဲတွေပြန်လည်စတင်ချိန်မှာပဲ သူ့ရဲ့ ဂိုးသွင်းယန္တရားကြီးကို ဆက်လက်လည်ပတ်စေခဲ့တာဖြစ်ပါတယ်။ 

ဟာလန်းရဲ့ ဒီရာသီပြိုင်ပွဲစုံသွင်းဂိုးကလည်း ၂၄ ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ တပွဲကိုတဂိုးနှုန်းသွင်းပေးနေတဲ့ သူ့စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပြီး အသင်းအတွက်အရေးပါတဲ့ ဦးဆောင်ဂိုးကို ရယူပေးခဲ့တာပါ။ လီဗာပူးလ်က မန်စီးတီးရဲ့ ၂ကြိမ်တိတိဦးဆောင်မှုကို လိုက်လံချေပနိုင်ခဲ့ပေမယ့်လည်း နသန်အကီရဲ့ ထပ်မံဦးဆောင်မှုကိုတော့​ ချေဖျက်နိုင်ခြင်းမရှိခဲ့ပါဘူး။ 


မန်စီးတီးအတွက် ဟာလန်း၊ မာရက်ဇ်နဲ့ အကီတို့က ဂိုးတွေသွင်းယူခဲ့ပြီး လီဗာပူးလ်အတွက် ကာဗယ်ဟိုနဲ့ ဆာလာတို့က သွင်းယူပေးခဲ့ကြပါတယ်။ ဟာလန်းက ထူးထူးခြားခြားခြေစွမ်းပြနိုင်တာမျိုးမရှိပေမယ့်လည်း ပုံမှန်ဂိုးသွင်းခြေကို ပြသသွားခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ပွဲဆက်ပြတ်သွားလည်း ဂိုးရအောင်သွင်းယူနိုင်သေးတယ်ဆိုတာကို ပြသခဲ့ပါတယ်။ 

လီဗာပူးလ်အတွက် ဒါဝင်နူနက်ဇ်က ချေပဂိုးရမယ့် အခွင့်အရေးရခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ်ရာလွဲချော်ခဲ့ပါတယ်။ ဂိုးသမားနဲ့ တဦးချင်းတွေ့ရတဲ့ အနေအထားမှာ သူက ထောင့်ကျဉ်းအနေအထားဖြစ်ခဲ့ပေမယ့် အဆုံးသတ်သာကောင်းမွန်ခဲ့ရင် ၃-၃ ဖြစ်ခဲ့မှာပါ။ ဒါပေမယ့် သူကတော့ ဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ လီဗာပူးလ်တို့ ဖလားတလုံးကို လက်လွှတ်သွားခဲ့ရပါတယ်။

မန်စီးတီးဟာ ကွာတားဖိုင်နယ်မှာ ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မ​ြို့ခံပြိုင်ဘက်ယူနိုက်တက်ကတော့ ချာလ်တန်နဲ့ ကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က