ကိုယ့်အိမ်လိုမျိုး ခံစားရတယ်လို့ ပြောခဲ့တာပါ။

ဘတ်ရှူဝါရီဟာ နည်းပြဖရန့်လမ်းပတ်လက်အောက်မှာ ပွဲထွက်ခွင့်မရပေမယ့်လည်း ချယ်ဆီးအသင်းကို သစ္စာဆက်လက်စောင့်သိသွားမယ်လို့ ပြောကြားခဲ့ပြီး ကိုယ့်အိမ်မှာနေနေရသလို ခံစားနေရတယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး ဘတ်ရှူဝါရီဟာ ၂၀၁၆ ခုနှစ်မှာ မာဆေးလ်အသင်းကနေ ချယ်ဆီးအသင်းကို ပေါင် ၃၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးကတည်းက စတန်းဖို့ဒ်ဘရစ်ဂျ်မှာ စိတ်ပျက်ဖွယ်ကာလတွေကို ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲဲ့ ဘတ်ရှူဝါရီဟာ ၃ ရာသီအတွင်း ဒေါ့မွန်၊ ဗလင်စီယာနဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းတို့ကို အငှားချခံခဲ့ရသူဖြစ်ပြီး ယခုရာသီမှာ ချယ်ဆီးအသင်းအတွက် ပွဲထွက်ပါဝင်ကစားပေးရခြင်းမရှိသေးသူဖြစ်ပါတယ်။

ချယ်ဆီးလူငယ်ကြယ်ပွင့် တန်မီအေဘရာဟမ်က ယခုရာသီမှာ နည်းပြလမ်းပတ် အထင်ကြီးလောက်စေတဲ့ ခြေစွမ်းမျိုး ပြသနေတဲ့အတွက် ဘတ်ရှူဝါရီနဲ့ ဂီရော့ဒ်တို့ဟာ အရန်တိုက်စစ်မှူးတွေအနေနဲ့သာ ရှိနေရတာဖြစ်ပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ဘတ်ရှူဝါက အသင်းအတွက် ပွဲဦးထွက် တိုက်စစ်မှူးအဖြစ် ဘယ်တုန်းကမှ မကစားခဲ့ရပေမယ့် ချယ်ဆီးအသင်းကို ကိုယ့်အိမ်လို သဘောထားပြီး နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဘယ်တုန်းကမှ ပထမပွဲဦးထွက်ကစားသမားအဖြစ် မကစားပေးခဲ့ရဖူးပါဘူး။ ဒါပေမယ့် ချယ်ဆီးက ကျွန်တော့်ရဲ့ အိမ်လို့ ခံစားရတဲ့ အသင်းပါ။ ကျွန်တော် နက်ရှိုင်းစွာ ချစ်မြတ်နိုးတဲ့အသင်းလည်းဟုတ်ပါတယ်”

“ကျွန်တော် ငယ်ငယ်တုန်းက စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်ပြီး ပြဿနာအချို့ရှိခဲ့တယ်ဆိုတာ အမှန်ပါပဲ”

“ဒါပေမယ့် ငယ်ရွယ်တဲ့လူတိုင်း ဖြစ်တတ်အရာမဟုတ်ဘူးလား။ ဒီနေ့ ကျွန်တော် အသက် ၂၆ နှစ်ရှိပြီ။ ကိုယ့်ဘာသာ ထိန်းကျောင်းပြီး လေ့ကျင့်ရေးနဲ့ ပွဲစဉ်တွေမှာ အလုပ်လုပ်နိုင််နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က