တိုင်ရွန်၊ ငြိမ်းသော်၊ ခင်ဝင့်ဝါနဲ့ ထက်ထက်ထွန်းတို့ ပါဝင်သွားမှာပါ။

လူငယ်ဆန်ဆန် အချစ်ဇာတ်ကားလေးတစ်ကားဖြစ်လာမယ့် “Only Me” ဇာတ်ကားမှာတော့ တိုင်ရွန်၊ ငြိမ်းသော်၊ ခင်ဝင့်ဝါနဲ့ ထက်ထက်ထွန်းတို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဇာတ်ကားထဲက အကြောင်းအရာအနည်းငယ်ကိုလည်း အခုလို ပြောပြခဲ့ကြပါသေးတယ်။ 

လူငယ်အနုပညာရှင် (၄) ယောက်ပါဝင်မယ့် "Only Me" ဇာတ်ကား ကို ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်က ရွှေတိဂုံစေတီတော်မှာ ကန်တော့ပေးပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားလေးဟာ လူငယ်အချစ်ဒရာမာ ဇာတ်ကားလေးဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားလေးအကြောင်းကို တိုင်ရွန်က အင်တာဗျူးတွေမှာ ပြောပြခဲ့ပါတယ်။ 



“ဒီဇာတ်ကားက ၄ ပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး။ ငြိမ်းသော်က မျက်စိမမြင်ဘူူး၊ ခင်ဝင့်ဝါကကျတော့ မသန်စွမ်းကာရိုက်တာပေါ့နော်။ ၄ ပွင့်ဆိုင် ဆိုပေမယ့် အလွဲလေးတွေပါမယ်၊ ဒရာမာ လည်းပါမယ်ပေါ့။ ဒီဇာတ်ကားလေးက ပေါ့ပေါ့ပါးပါးလေးပဲဆိုတော့ ထွေထွေထူးထူး ပြင်ဆင်ထားတာတွေမရှိပါဘူး။ ပါဝင်ကြမယ့် သရုပ်ဆောင်တွေကလည်း သူငယ်ချင်းတွေပဲဆိုတော့ အဆင်ပြေပါတယ်” လို့ဆိုပါတယ်။ 

နောက်ထပ်ပါဝင်သရုပ်ဆောင်မယ့် မင်းသမီးချောလေးကတော့ ထက်ထက်ထွန်းပါ။ သူကတော့ တိုင်ရွန်နဲ့ တွဲဖက် သရုပ်ဆောင်ရမှာပါ။ သူမရဲ့ ကာရိုက်တာကတော့ ယွန်း ဆိုတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ယွန်းကရော ဒီအချစ်ဇာတ်ကားထဲမှာ ဘယ်လို မိန်းကလေးမျိုး ဖြစ်မလဲ ဆိုတာကို ထက်ထက်ထွန်းက ပြောပြထားပါတယ်။ 

“ ဒီဇာတ်ကားထဲက ကာရိုက်တာလေးကတော့ ယွန်းဆိုတဲ့ ကောင်မလေးပေါ့။ သူက အချစ်ကို မြိုသိပ်နေရတဲ့ ကောင်မလေး တစ်ယောက်။ အပြင်က ပုံစံထက် ၅ နှစ်လောက် ငယ်သွားရမယ့် ကောင်မလေးပုံစံပါ။ ပြီးတော့ ကိုယ့်သူငယ်ချင်း ဒုက္ခရောက်မှာဆိုလို့ နည်းနည်းတော့ ဆရာလုပ်လိုက်ရမှ ဆိုတဲ့ ပုံစံလေးတော့ပါတယ်” လို့ ဆိုပါတယ်။ 

“Only Me” ဇာတ်ကားထဲမှာ ပရိသတ်အချစ်တော် ငြိမ်းသော်ကလည်း မျက်စိမမြင်တဲ့ ကောင်လေးအဖြစ် မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ သူ့အတွက်ကလည်း ကာရိုက်အသစ်ဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်တဲ့။ 

“ ကျွန်တော်ကို ဒီကာရိုက်တာအတွက် စကမ်းလှမ်းတုန်းက မလုပ်ရဲဘူး။ ဒီကာရိုက်တာလည်း မရိုက်ဖူးဘူး၊ အဆင်ပြေပါ့မလား လို့တောင် တွေးမိတယ်။ ဒါပေမယ့် ဒါရိုက်တာကရော၊ ခင်ဝင့်ဝါရောက ရိုက်ကြည့်လိုက်ဆိုပြီးတော့ တိုက်တွန်းတာနဲ့ လက်ခံဖြစ်တယ်။ ကျွန်တော်ကလည်း အသစ်၊ ကာရိုက်တာကလည်း အသစ်ဆိုတော့ ကြိုးစားခွင့်ရတယ်လို့ ပြောရမှာပေါ့နော်” ဆိုပြီးတော့ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းက “Only Me” ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Only Me ဇာတ်ကားကို Pyinsa Theinka ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း ဇာတ်ညွှန်းတွေကိုတော့ ဒါရိုက်တာမောင်မျိုးမင်းရဲ့ သမီးဖြစ်သူ ထူးအိမ်နွယ်က ရေးသားထားတာပါ။ ဇာတ်ကား အဖြစ် ဖန်တီးမယ့်သူကတော့ ဒါရိုက်တာဉာဏ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်သွားမှာကတော့ တိုင်ရွန်၊ ငြိမ်းသော်၊ ခင်ဝင့်ဝါနဲ့ ထက်ထက်ထွန်းတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို ဇန်နဝါရီလ ၂၀ ရက်နေ့ ဆိုရင် ရန်ကုန်မှာပဲ စတင်ရိုက်ကူးတော့မှာပါတဲ့။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က