ပိုးအိအိခန့်က ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့လေးမှာ ပျော်ရွှင်စရာ အမှတ်တရလေးတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
Photo : ပိုးအိအိခန့်
မေလ(၂၂) ရက်နေ့က ပိုးအိအိခန့်ရဲ့ ခင်ပွန်းမြန်မာ့လက်ရွေးစင် ဘောလုံးသမား အောင်သူရဲ့မွေးနေ့ပါ။ ပိုးအိအိခန့်က ခင်ပွန်းရဲ့ မွေးနေ့မှာ ခင်ပွန်းမသိအောင် မွေးနေ့ပွဲလေး ပြင်ဆင်ပြီး Surprise လုပ်ခဲ့ပါသေးတယ်။
“❤️Happy Birthday ❤️ပါ ယောကျာ်းရေ Stay home မှာ date တွေတောင် မေ့နေတဲ့ ယောကျာ်းကို surprise လုပ်ရတာ အရမ်း ကျေနပ်ပါတယ်။တစ်အိမ်ထဲတူတူနေနေတော့ သူမသိအောင် အဖွဲ့လိုက် ကြံစည်ပြီး စီစဉ်ရတာ ပျော်စရာတော့ကောင်းသားစီစဉ်ထားတဲ့အတိုင်းလည်း အားလုံးဖြစ်တော့ အားလုံးလည်းပျော် မွေးနေ့ရှင်လည်း surprise ဖြစ်ပြီးပျော်.” ဆိုပြီး မေလ(၂၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : ပိုးအိအိခန့်
ပိုးအိအိခန့်က ခင်ပွန်းအတွက်ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့လေးကို ဖန်တီးပေးနိုင်လို့ ပျော်နေသလို ခင်ပွန်းသည်အတွက်လည်းယခုလို မွေးနေ့ဆုတောင်းစကားလေး ပြောထားပါသေးတယ်။
“ယောကျာ်းရေ အခု မွေးနေ့ကစပြီး ဖြစ်ချင်တာ လိုချင်တာ တောင့်တတာမှန်သမျှ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကြပါစေလို့ မိန်းမဆုတောင်းပေးပါတယ်။ရှေ့ဆက်ရမယ့် ဘဝကြီးကို အေးအတူ ပူအမျှ တူတူရင်ဆိုင်သွားဖို့လည်း မိန်းမက အဆင်သင့်ပါ.။ကိုရယ် ဖောင်းရယ် သားလေးရယ် ဒီမိသားစုဘဝလေးလည်း အစဉ်ထာဝရ ပျော်ရွှင်အေးချမ်းသာယာပါစေလို့ ဖောင်းကို့မွေးနေ့မှာဆန္ဒပြုပါတယ်ရှင် ချစ်တဲ့မိန်းမ.”လို့ ဆိုပါတယ်။
ပိုးအိအိခန့်ကတော့ မွေးနေ့ဆုတောင်စကားတွေနဲ့အတူ မွေးနေ့ဗီဒီယိုဖိုင်လေးကိုပါ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ထားပါသေးတယ်။
Photo : ပိုးအိအိခန့်
ပိုးအိအိခန့် ဟာ အိမ်ထောင်မကျခင်က အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေ၊ ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားတဲ့သူပါ။
အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ သားလေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။
Share