အငြင်းပွားဖွယ်တွေ ဖြစ်ပွားခဲ့ပြန်တာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဂါလာတာစာရေးနဲ့ ဖီနာဘာချီတို့ရဲ့ တူရကီဒါဘီပွဲကတော့ နောက်ဆက်တွဲပြောစရာဖြစ်ရပ်တွေနဲ့အတူ ပြီးဆုံးခဲ့ပြန်ပါတယ်။ ဒီပွဲက ဂိုးမရှိသရေကျခဲ့သည့်တိုင် ပွဲချိန်အတွင်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။



အဆိုပါပွဲမှာ ဂါလာတာစာရေးရဲ့ နာမည်ကျော်တိုက်စစ်မှူး အီကာဒီ​ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ အီကာဒီတစ်ယောက် ဂိုးတိုင်နဲ့ပါ ပြေးဆောင့်မိခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပင်နယ်တီသတ်မှတ်ပေးခဲ့ခြင်း မရှိပါဘူး။
အီကာဒီဟာ ဂိုးဧရိယာအတွင်း နေရာယူချိန်မှာ ပြိုင်ဘက်ကစားသမားရဲ့ တွန်းထိုးခြင်းကို ခံခဲ့ရတာဖြစ်ပြီး ဒီအရှိန်နဲ့ပဲ ဂိုးတိုင်ကို ဝင်ဆောင့်မိခဲ့တာပါ။ ဒီဖြစ်ရပ်အတွက် ပင်နယ်တီလည်း မပေး၊ ဖီနာဘာချီနောက်ခံလူကိုလည်း အနီကတ်မပြခဲ့တာကြောင့် ဂါလာတာစာရေးဘက်က တရားဝင်စာထုတ် ကန့်ကွက်ခဲ့ပါတယ်။



ဂါလာတာစာရေးက “VAR အခန်းနဲ့ ကင်မရာပေါင်း (၂၆) လုံးက ဒီဖြစ်ရပ်ကို မမြင်ခဲ့တာ သူတို့ကိုယ်စား ကျွန်တော်တို့ ရှက်မိပါတယ်။ သူတို့က တူရကီဘောလုံးလောကကို ရှက်ဖို့ကောင်းတဲ့ အနေအထားအထိ ဆွဲခေါ်သွားခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။

အီကာဒီဟာ ဒီလိုမျိုး ဆောင့်မိတဲ့ ဒဏ်ကြောင့် သူ့ရဲ့ မျက်လုံးနားတစ်ဝိုက်မှာ ညိုမဲစွဲသွားခဲ့ပြီး ဒီဓာတ်ပုံကိုလည်း ထုတ်ပြခဲ့ပါတယ်။ တူရကီလိဂ်ဟာ အခုလိုမျိုး ဒိုင်လူကြီးတွေရဲ့ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေကို မကြာခဏ မြင်တွေ့နေရတဲ့ လိဂ်တစ်ခုလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က