ဒေါ့မွန်နဲ့ပွဲမှာ ဟာလန်းတယောက် ဒုက္ခရောက်ခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ မန်စီးတီးတို့ရဲ့ပွဲမှာ ဟာလန်းတယောက် ဒဏ်ရာရရှိခဲ့ပြီး အဖျားဝေဒနာလည်း ခံစားခဲ့ရကြောင်း သိရှိရပါတယ်။ အဲ့ဒါကြောင့်လည်း ဟာလန်းကို ပထမပိုင်းအပြီးမှာတင် နည်းပြ ဂွါဒီယိုလာက ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားနဲ့ လူစားလဲ အနားပေးခဲ့ရပါတယ်။



ဒီပွဲမှာ ဟာလန်းတယောက် တံတောင်ဆစ်မှာလည်း အသေးစားဒဏ်ရာတခုရရှိခဲ့ပြီး ခက်ခဲကြမ်တမ်းတဲ့ (၄၅) မိနစ်ကို ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ ဟာလန်းဟာ ပထမပိုင်းမှာ ဘောလုံးထိချက် (၁၃) ကြိမ်သာရှိခဲ့ပြီး ပြိုင်ဘက် ဂိုးပေါက်ကိုလည်း တည့်မတ်အောင် တကြိမ်မှ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် အောင်မြင်တဲ့ ဘောလုံးပေးပို့မှုကလည်း (၇) ကြိမ်သာရှိခဲ့ပါတယ်။

ဟာလန်းဟာ ဒီပွဲမှာ ဘယ်ဘက်ခြေထောက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဖျားတက်နေတာကြောင့်လည်း ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရကြောင်း သိရှိရပါတယ်။ ဟာလန်းဟာ ဒီရာသီ မန်စီးတီးအတွက် ချန်ပီယံလိဂ်အုပ်စု ပထမအကျော့ သုံးပွဲလုံးမှာ ဂိုးသွင်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုပင်ဟေဂင်နဲ့ပွဲမှာတော့ ဟာလန်းကို အနားပေးခဲ့ပါတယ်။

မနေ့က အသင်းဟောင်း ဒေါ့မွန်နဲ့ အဝေးကွင်းပွဲမှာလည်း (၄၅) မိနစ်သာ ကစားနိုင်ခဲ့ပြီး ဟာလန်းတယောက် ဘယ်လောက်အထိ အနားယူရမယ်ဆိုတာကိုတော့ အတည်တကျ မသိရှိရသေးပါဘူး။ ဂွါဒီယိုလာကလည်း “ဟာလန်းနဲ့ပတ်သက်လို့ သုံးချက်တွေ့ခဲ့ရပါတယ်။ သူ အရမ်းကို ပင်ပန်းနေပြီး နောက်တချက်က ဖျားနာနေတာပါ”

“နောက်ဆုံးတချက်က သူ့ ခြေထောက်မှာ အကျနာထားပြီး အဲ့ဒါကြောင့်လည်း ဒုတိယပိုင်းကို ဆက်မကစားနိုင်တော့တာပါ။ ဒဏ်ရာက ဘယ်လောက်ဆိုးလဲဆိုတာ ကျနော် မသိပါဘူး။ ကျနော် ဆေးအဖွဲ့နဲ့ စကားပြောတော့ သူတို့က နည်းနည်းလေး စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် ဟာလန်း လမ်းလျှောက်တဲ့ပုံစံကတော့ အဆင်ပြေမယ့်ပုံစံပါ” လို့ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က