အန်းဖီးမှာ မိခင်အသင်းကို ရှုံးနိမ့်ခဲ့တဲ့နောက် ဒေါသတွေကို တခြားလူအပေါ် ပုံချခဲ့တာပါ။

အက်စ်တန် ဗီလာနည်းပြ စတီဗင် ဂျရတ်က စနေနေ့ညက လီဗာပူးလ်အသင်းအိမ်ကွင်း အန်းဖီးမှာ ရှုံးနိမ့်ခဲ့ပြီးနောက် မိုက်ကယ် အိုဝင်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပတ်သက်မှုကို မဆီမဆိုင် ပြစ်တင်ကြိမ်းမောင်းသွားခဲ့ပါတယ်။

စတီဗင် ဂျရတ်ဟာ အန်းဖီးကို ပြိုင်ဘက်အသင်းနည်းပြအဖြစ်နဲ့ ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး လီဗာပူးလ်ပရိသတ်တွေဆီကနေ နွေးထွေးတဲ့ ကြိုဆိုမှုမျိုးကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ မိုဟာမက် ဆာလားရဲ့ ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေသူတွေနဲ့ ၁ မှတ်အကွာမှာ ဆက်လက် ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။



ပွဲအပြီးမှာ ပရီးမီးယားလိဂ်အတွက် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ဆောင်ပေးနေတဲ့ အိုဝင်က အသင်းဖော်ဟောင်းဖြစ်တဲ့ စတီဗင် ဂျရတ်ကို အန်းဖီးက လီဗာပူးလ်ပရိသတ်တွေဆီကနေ ရရှိခဲ့တဲ့ ကြိုဆိုမှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။ "ငါကတော့ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားဖို့ ပြန်လာရတာကို မုန်းတီးမိတယ်ဆိုတာ ဝန်ခံရမယ်။ ဒီနေ့ ပြန်လာရတဲ့အပေါ် မင်းရဲ့ ခံစားချက်နဲ့ အသင်းကို မင်းရဲ့အိမ်ကို ခေါ်လာရတာနဲ့ပတ်သက်ပြီး ဘယ်လိုခံစားခဲ့ရလဲ ပြောပါဦး"လို့ အိုဝင်က မေးမြန်းခဲ့ပါတယ်။

ဒါပေမယ့် စတီဗင် ဂျရတ်က "ငါသာ မန်ယူအတွက် ကစားပေးခဲ့ရရင်တော့ အိမ်ပြန်လာရတာကို မုန်းမိမှာပဲ"လို့ တုံ့ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဂျရတ်က လီဗာပူးလ်အသင်းကို ဆက်လက် အားပေးထောက်ခံသွားမှာဖြစ်တယ်လို့ ဆက်ပြောခဲ့ပေမယ့် ၎င်းရဲ့ အဓိကဦးစားပေးအလုပ်က အက်စ်တန် ဗီလာကို တိုးတက်အောင်လုပ်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"လုပ္ရမွာက အဲဒါပဲ။ ကျွန်တော် အခု ခရီးလမ်းကြောင်းပေါ်မှာရှိနေတယ်။ ဒီရာထူးကို လက်ခံရယူရတာက အခွင့်ထူးရခဲ့တာဖြစ်ပြီး ဂုဏ်ယူစရာပါ။ အက်စ်တန် ဗီလာက ထူးခြားဆန်းကြယ်တဲ့အသင်းပါ။ အခုက အစောပိုင်းနေ့ရက်တွေပဲ ရှိပါသေးတယ်။ ကျွန်တော်တို့တွေ အသင်းကို တိုးတက်အောင်လုပ်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး ကစားသမားတွေဆီကနေ သတင်းအချက်အလက်တွေ အများကြီး ရရှိဖို့ ကြိုးပမ်းနေပါတယ်"

"ကျွန်တော်က အမြဲတမ်း လီဗာပူးလ်ပရိသတ်တွေဖြစ်နေမှာပါ။ အဲဒါက အမှန်တရားပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဦးစားပေးအရာက အက်စ်တန် ဗီလာဆိုတာ သိသာပြီး ဒီအသင်းကို တိုးတက်အောင်နဲ့ ဇယားအပေါ်ကို တက်နိုင်ဖို့ ကြိုးပမ်းသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

က်က