ရှမ်းယူနိုက်တက်အသင်းနဲ့ လမ်းခွဲလိုက်တဲ့ ဆက်ဖြိုးဝေဟာ လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်နေပါ တယ်။ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့နေတဲ့ ကာလမှာ ဘောလုံးအသင်းတွေ ဖျက်သိမ်းလိုက်တဲ့အတွက် ဘောလုံး သမား အတော်များများ အသင်းလက်မဲ့ဖြစ်ပြီး အလုပ်လက်မဲ့တွေ ဖြစ်သွားကြပါတယ်။ ဒီအထဲမှာ ဆက်ဖြိုးဝေလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဆက်ဖြိုးဝေ ဘဝကို ဘယ်လို ရှေ့ဆက်နေလဲ၊မိသားစု ဝမ်းရေး ဘယ်လို ဖြေရှင်းနေရလဲ၊ စတဲ့ ဘဝအခြေအနေတွေကို DuwunSportsက တွေ့ဆုံမေးမြန်းထားပါတယ်။