လေ့ကျင့်ရေးကွင်းကနေ ရော်နယ်ဒို နောက်ဆုံးမှပြန်သွားခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်း အစီအစဥ်အပြီးမှာ ကာရင်တန်လေ့ကျင့်ရေးကွင်းကနေ နောက်ဆုံးမှ ထွက်ခွာသွားခဲ့တယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ မန်စီးတီးနဲ့ နောက်ဆုံး ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲကို လွဲချော်ခဲ့ရတဲ့ ကစားသမားပါ။



သူလွဲချော်တဲ့အပေါ် ရန်းနစ်ဂ်က ဒဏ်ရာကြောင့်လို့ဆိုထားပေမယ့် အခြားသတင်းရင်းမြစ်တွေကတော့ ရန်းနစ်ဂ်က ရော်နယ်ဒိုကို ပွဲထွက်ကစားသမားစာရင်းက ချန်လှပ်ခဲ့တာကြောင့် ရော်နယ်ဒို လူစာရင်းကနေ နှုတ်ထွက်သွားတယ်လို့ ဆိုနေကြပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှမတုံ့ပြန်ထားသေးပါဘူး။

ရော်နယ်ဒိုဟာ မန်ချက်စတာဒါဘီအတွက် ပွဲထွက်ကစားသမားစာရင်းမှာ မပါဝင်တာကို သိရတဲ့နောက် ဒေါသပေါက်ကွဲပြီး ပေါ်တူဂီကို ပြန်သွားတယ်လို့လည်းသိရပါတယ်။ ယူနိုက်တက်ဟာ ရော်နယ်ဒို လေ့ကျင့်ခန်းပြန်ဆင်း၊ မဆင်းဆိုတာကို တနင်္လာညအထိ မသိရှိခဲ့ရပါဘူး။

ဒါပေမယ့် မန်စီးတီးနဲ့ပွဲအပြီး အင်္ဂါနေ့ (မနေ့) က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဥ်ကိုတော့ ရော်နယ်ဒိုက သူ့ရဲ့ ကိုယ်ရံတော်တွေနဲ့ အတူတကွ ရောက်ရှိလာခဲ့ပြီး လေ့ကျင့်ရေးကွင်းကနေ နောက်ဆုံးပြန်သွားတဲ့ ကစားသမားလည်း ဖြစ်တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ မန်စီးတီးနဲ့ပွဲအပြီးမှာ အသင်းနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်လာခဲ့ပါတယ်။

လာမယ့်နွေရာသီမှာ ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုကို လက်လွှတ်ခံဖို့ ပြင်ဆင်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ရော်နယ်ဒိုကလည်း အသင်းရဲ့ အခြေအနေအပေါ်မှာ စိတ်ပျက်နေတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုကတော့ လေ့ကျင့်ခန်းအစီအစဥ်ကို ရောက်လာခဲ့သလို လေ့ကျင့်ရေးကွင်းကနေ နောက်ဆုံးမှပြန်တဲ့ ကစားသမားအဖြစ် ပရော်ဖက်ရှင်နယ် ပီသခဲ့ပြီး ပရိသတ်တွေကတော့ ဒီအပေါ်မှာ ရော်နယ်ဒိုကို ချီးကျူးမှုတွေရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က