ပျားရည်ဟာ သန့်စင်ထားတဲ့ သကြားဓာတ် ၁၀၀ ရာခိုင်နှုန်းအပြည့်ပါဝင်တဲ့ သကြားအမျိုးအစားတစ်မျိုးလည်း ဖြစ်ပါတယ်။

ပျားရည်ကို ရှေးပဝေသဏီကတည်းက အစားအစာအဖြစ်ရော ဆေးအဖြစ်ပါ အသုံးပြုခဲ့ကြတာပါ။

ပျားရည်ဟာ သန့်စင်ထားတဲ့ သကြားဓာတ် ၁၀၀ ရာခိုင်နှုန်းအပြည့်ပါဝင်တဲ့ သကြားအမျိုးအစားတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုခေတ်မှာဆိုရင် သကြားအစားထိုးပြီး မုန့်တွေမှာပါ ပျားရည်ကို ထည့်သွင်းအသုံးပြုကြပါတယ်။ ပျားရည် ၁ ဇွန်းစာ ပမာဏ (၂၁ ဂရမ်)မှာဆိုရင် သကြားဓာတ် ၁၇ ဂရမ်ပါဝင်ပြီး ကယ်လိုရီပမာဏ ၆၄ရှိပါတယ်။ ဒါ့အပြင် ပျားရည်မှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ bioactive အပင်ဒြပ်ပေါင်းတွေနဲ့ antioxidants (ဓာတ်တိုးဆန့်ကျင်) တွေအပြင် ကယ်စီယမ် ၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မန်းဂနိစ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ် နဲ့ ဇင့်ဓာတ်ပါဝင်ပါတယ်။ ဒါပေမယ့် အမျှင်ဓာတ်၊ အဆီဓာတ် ၊ ပရိုတိန်းဓာတ်တော့ မရှိပါဘူး။

Photo: Tikli

ပျားရည်ကို အအေးမိဝေဒနာ ဒါမှမဟုတ် ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူတွေဟာ ရေနွေးနဲ့ သောက်သုံးကြပြီး ဒါဟာ တကယ်ကို ကောင်းမွန်ပြီး အကျိုးရှိတယ်လို့ ယုံကြည်ကြပါတယ်။ မြန်မာလူမျိုးအများစုကလည်း ပျားရည်ကို ဒီနည်းအတိုင်းပဲ အသုံးပြုကြပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်ပြီး ဒါဟာ အဆိပ်ကို သောက်သုံးနေသလိုဖြစ်တယ်လို့ ဆရာဝန်တွေနဲ့အာဟာရပညာရှင်တွေရဲ့ စစ်တမ်းတွေက ဆိုပါတယ်။ ပျားရည်ကို ဘယ်လိုအခြေအနေမှာမဆို အပူပေးတာ ၊ အပူနဲ့ထိတွေ့တာမျိုး မလုပ်သင့်ဘူးလို့ ဆိုပါတယ်။

Photo: Healthline

ပျားရည်ကို ဘာကြောင့် အပူမပေးသင့်လဲဆိုတဲ့ သိပ္ပံနည်းကျ အကြောင်းတွေ ခိုင်ခိုင်လုံလုံရှိပါတယ်။ သကြားဓာတ်ပါဝင်တဲ့ ဘယ်အရာကိုမဆို အပူပေးခြင်းက ကင်ဆာဖြစ်စေတဲ့ 5-Hydroxymethylfurfural (HMF) လို့ခေါ်တဲ့ ဓာတုပစ္စည်း ထွက်လာတာကြောင့် ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ပျားရည်ကို ၁၄၀ ဒီဂရီဖာရင်ဟိုက်မှာ အပူပေးတာ ၊ ဒါမှမဟုတ် ၁၄၀ ဒီဂရီဖာရင်ဟိုက်ပူတဲ့ အရည် ၊ ဖျော်စရာတစ်ခုခုနဲ့ ရောနှောတဲ့အခါ ပျားရည်ဟာ အကျိုးရှိပစ္စည်းမဟုတ်ဘဲ အဆိပ်အတောက်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပျားရည်ကို ရေနွေးပူပူ ၊ နွားနို့ပူပူထဲ ထည့်သောက်တာ ဒါမှမဟုတ် ပျားရည်နဲ့ မုန့်ဖုတ်တာဟာ အလွန်အန္တရာယ်များပါတယ်။


5-Hydroxymethylfurfural (HMF) ဓာတ်ပါဝင်မှုတိုင်းက အန္တရာယ်များတာ မဟုတ်ပေမယ့် သူ့ရဲ့ သတ်မှတ်ချက်ကို ကျော်လွန်တဲ့အခါ HMF ဟာ အန္တရာယ်ရှိ ပစ္စည်းဖြစ်ပါတယ်။လတ်ဆတ်တဲ့ သဘာဝပျားရည်မှာလည်း HMF ပါဝင်ပြီး အဆင့်အမျိုးမျိုးရှိပါတယ်။ပုံမှန်အားဖြင့် ပျားအုံမှာကို သဘာဝအပူချိန်ရှိနေပြီး နွေရာသီမှာဆို ပျားအုံဟာ ၄၀ဒီဂရီစင်တီဂရိတ်ထိရှိနိုင်ပါတယ်။ ဒါပေမယ့် 5-Hydroxymethylfurfural (HMF) က လတ်ဆတ်စွာ ထုတ်ထားတဲ့ ပျားရည်မှာ ၁၀ မီလီဂရမ်/ကီလိုဂရမ်ထက်နည်းပါတယ်။

ဒါကြောင့် ကျန်းမာရေးအတွက် အကျိုးများတဲ့ ပျားရည်ကို အသုံးပြုတဲ့အခါ သဘာဝအတိုင်းရောင်းချတဲ့ ပျားရည်မျိုးကို ဝယ်ယူသင့်ပြီး သုံးစွဲတဲ့အခါမှာလည်း အပူတွေနဲ့ မရောနှောမိဖို့ သတိပြုကြရမှာဖြစ်ပါတယ်။ 

Ref: healthshots.com, airborne, bee-health.extension.org, hindustantimes

Share

က္က