ရပ်ရှ်ဖို့ဒ်ကို အသင်းမှာဆက်ရှိစေချင်ကြတာပါ။

ယူနိုက်တက်အသင်းဝန်ထမ်းတွေဟာ အဲရစ်တန်ဟက်ခ် ရှင်းထုတ်မယ့် ယူနိုက်တက် ကစားသမား (၁၀) ယောက်စာရင်းထဲမှာ ရပ်ရှ်ဖို့ဒ်ကို မထည့်သွင်းဖို့ ဝိုင်းဝန်းတိုက်တွန်းနေတယ်လို့ သိရှိရပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ လက်ရှိအချိန်မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ လက်ထောက်နည်းပြ ဗန်ဒါဂတ်နဲ့အတူ ရောက်ရှိနေပြီဖြစ်ပါတယ်။



လာမယ့် မေ (၂၂)၊ လန်ဒန်မှာပဲ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲကို အဲရစ်တန်ဟက်ခ် ကွင်းအတွင်းမှာ လာရောက်ကြည့်ရှုမယ်လို့လည်းသိရပါတယ်။ အဲ့ဒီနောက်မှာတော့ သူက ယူနိုက်တက်နည်းပြအဖြစ် အပြည့်အဝ ဆောင်ရွက်တော့မှာဖြစ်ပြီး အသင်းမှာမလိုအပ်တဲ့ ကစားသမားတွေကို ရှင်းထုတ်သွားမှာပါ။

အဲရစ်တန်ဟက်ခ်ဟာ နောက်ခံလူ ဝမ်ဘစ်ဆာကာ၊ အဲရစ်ဘာယီ၊ ဖီးလ်ဂျုံးစ်တို့အပါအဝင် ကစားသမား (၁၀) ယောက်အထိ ရှင်းထုတ်သွားမှာဖြစ်ပြီး ဒီအထဲမှာ ရပ်ရှ်ဖို့ဒ်လည်း ပါဝင်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် (၂၄) နှစ်အရွယ် အဆိုပါ ကစားသမားဟာ ယူနိုက်တက် အကယ်ဒမီထွက်ဖြစ်ပေမယ့် ဒီရာသီမှာ ရုန်းကန်နေရတဲ့ ကစားသမားပါ။

ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ (၂၅) ပွဲ ကစားပြီးသည့်တိုင် ပရီးမီးယားလိဂ်သွင်းဂိုး (၄) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရပ်ရှ်ဖို့ဒ်ကတော့ အသင်းဝန်ထမ်းတွေရဲ့ ချစ်ခင်လေးစားမှုကိုရရှိထားပြီး သူ့ကို အသင်းကနေ မထွက်ခွာစေဖို့ ယူနိုက်တက်ဝန်ထမ်းတွေက တိုက်တွန်းခဲ့ပြီးဖြစ်တယ်လို့ သိရှိရပါတယ်။

အဲရစ်တန်ဟက်ခ်နဲ့ ယူနိုက်တက်နည်းပြအဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး ဒါမှမဟုတ် ကြာသပတေးနေ့မှာ စကားပြောဆိုခဲ့ကြဟန်ရှိပြီး ဒီလိုမျိုးဆွေးနွေးချိန်မှာ ရပ်ရှ်ဖို့ဒ်ကို အခွင့်အရေးပေးဖို့ ယူနိုက်တက်ဝန်ထမ်းတွေက တိုက်တွန်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ လာမယ့်ရာသီ သူ့ရဲ့အသင်းမှာ ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်၊ ဒါလော့တို့ကို ဆက်လက်ထိန်းသိမ်းသွားဖို့ရှိပါတယ်။

ကျန်တဲ့ ကစားသမားတွေအနေနဲ့တော့ နောင်တချိန်မှာ အာမခံချက်တစုံတရာမရှိဘဲ အဲရစ်တန်ဟက်ခ်ရဲ့ စိတ်တိုင်းကျ ကြံ့ခိုင်မှု၊ ကစားဟန်မျိုးကို ပြသနိုင်မှသာ ယူနိုက်တက်မှာ အနာဂတ် ဆက်ရှိနိုင်မှာပါ။ 

Share

Loading Next Article...
က္က