မစ်ဒယ်ဘရော့နဲ့ တန်းဆင်းခဲ့ဖူးတာပါ။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အဆိုပါ အင်္ဂလန်လူမျိုးနည်းပြဟာ အင်္ဂလန်လက်ရွေးစင် အသင်းကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်၊ ယူရိုဗိုလ်လုပွဲတို့ကို ပို့ဆောင်ပေးခဲ့သူပါ။



ဆောက်ဂိတ်ဟာ လက်ရှိမှာတော့ အင်္ဂလန်နဲ့အတူ ယူရို - ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ လမ်းခွဲပြီး စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့ ဆန္ဒရှိနေသူပါ။
ဆောက်ဂိတ်ဟာ ပရီးမီးယားလိဂ်အတွေ့အကြုံ လုံးဝမရှိတဲ့ နည်းပြတော့ မဟုတ်ပါဘူး။ သူဟာ မစ်ဒယ်ဘရော့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဖြစ်ပြီး (၂၀၀၉) ခုနှစ်မှာတော့ သူ့ရဲ့ မစ်ဒယ်ဘရော့က ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပါတယ်။
မစ်ဒယ်ဘရော့နည်းပြဟောင်းကြီးဟာ ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ်ကတည်းက အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့သူပါ။ သူ ကိုင်တွယ်ခဲ့ပြီးနောက် အင်္ဂလန်လက်ရွေးစင် အသင်းက အမြင့်ပိုင်းနေရာတွေကို ရောက်ရှိခဲ့သည့်တိုင် ကစားပုံအရ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း ဆောက်ဂီတ်က “လူတွေက ကျွန်တော့်ကို သူက မစ်ဒယ်ဘရော့ကို တန်းဆင်းရအောင် လုပ်ခဲ့သူပဲလို့ ပြောနိုင်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် မစ်ဒယ်ဘရော့ကို ကိုင်ပြီး (၃) နှစ်အကြာမှာ တန်းဆင်းခဲ့ရပေမယ့် ပရီးမီးယားလိဂ်အတွေ့အကြုံ သုံးနှစ်ရှိခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က