ဟာလန်းတယောက် ပွဲတိုင်းဂိုးသွင်းနေတာပါ။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းကတော့ သူ့ရဲ့ ထုံးစံအတိုင်းပဲ မန်စီးတီးအတွက် ဂိုးသွင်းပေးပြီး မတူညီတဲ့ရက်သတ္တပတ်တွေမှာ တူညီတဲ့ စွမ်းဆောင်ရည်တွေကို ဆက်တိုက်ပြသနေပါတယ်။ ဒီပွဲမှာ ဂွါဒီယိုလာက ဝေဖန်မှုတွေခံနေရတဲ့ ဂရီလစ်ရှ်ကို ရဲရဲဝံ့ဝံ့ပွဲထုတ်ခဲ့ပြီး ဂရီလစ်ရှ်ကလည်း ဂွါဒီယိုလာရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်း သက်သေပြသခဲ့ပါတယ်။



နိုင်ငံတကာပွဲတွေ ဝင်လာတော့မှာ၊ နိုင်ငံတကာရက်သတ္တပတ်ပြီးရင် ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာတွေကြောင့် မန်စီးတီးတို့ အမှားမခံခဲ့ဘဲ ဝုလ်ဗ်ကလည်း မန်စီးတီးအတွက် ပြိုင်ဘက်မဖြစ်ခဲ့ပါဘူး။ မန်စီးတီးအတွက် အဖွင့်ဂိုးကို ဂရီလစ်ရှ်က ပွဲစလို့ (၁) မိနစ်ပြည့်ခါနီးမှာတင် သွင်းယူခဲ့ပြီး မန်စီးတီးတို့ ပြိုင်ဘက်ကို စောစောစီးစီး ဦးချိုးခဲ့ပါတယ်။ အဲ့ဒီနောက် (၁၅) မိနစ်မှာ ဟာလန်းက မန်စီးတီးအတွက် ဒုတိယဂိုး သွင်းပေးခဲ့ပါတယ်။

ဒါဟာ ဟာလန်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၁) ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုး (၁၁) ဂိုးပြည့်မြောက်ခဲ့တာက ပရီးမီးယားလိဂ်မှာ ဟာလန်းက အမြန်ဆုံးစွမ်းဆောင်နိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ကစားသမားဘဝ ပထမဆုံး အဝေးကွင်း (၄) ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း ဟာလန်းက စံချိန်တင်နိုင်ခဲ့ပါတယ်။

ဝုလ်ဗ်ဘက်က နသန်ကောလင်းစ် ဂရီလစ်ရှ်ကို ကစားပုံကြမ်းခဲ့တာကြောင့် (၃၂) မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရတာကလည်း မန်စီးတီးကို ပိုမိုလွယ်ကူစေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်စီးတီးက ပွဲကို လိုသလိုပဲ ကစားသွားခဲ့ပြီး ဒီဘရိုင်းရဲ့ ဖန်တီးပေးမှုကတဆင့် ဖိုဒန်က ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ မန်စီးတီးက ဂျူလီယန်အယ်လ်ဗာရက်ဇ်၊ ပါလ်မာ၊ မာရက်ဇ်၊ ဂွန်ဒိုဂန်တို့ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှ မန်စီးတီးတို့လည်း ဂိုးထပ်မသွင်းနိုင်တော့တာကြောင့် သုံးဂိုးပြတ်နဲ့သာ အနိုင်ရရှိခဲ့ပြီး ဟာလန်းကလည်း ဒီတပတ် ပရီးမီးယားလိဂ်ရဲ့ ပြောစရာဖြစ်ခဲ့တဲ့ ကစားသမားတယောက်အဖြစ် ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က