စီးရီးအေမှာ ရိုးမားနဲ့အတူ ရလဒ်ဆိုးတွေ ရင်ဆိုင်နေရသူပါ။

ဟိုဆေး မော်ရင်ညိုဟာ အဲဗာတန်အသင်းက နည်းပြ ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အစားထိုးခန့်အပ်မယ့် နည်းပြသစ်ဖြစ်လာနိုင်ခြေရှိသူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရကြောင်း သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားတဲ့ နည်းပြ အန်ဆယ်လော့တီရဲ့နေရာမှာ နည်းပြသစ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဘင်နီတက်ဇ်ဟာ ဗုဒ္ဓဟူးနေ့က ဂွတ်ဒီဆင် ပါ့ခ်မှာ လီဗာပူးလ်က အဲဗာတန်ကို ၄-၁ နဲ့ အပြတ်အသတ်ချေမှုန်းခဲ့တာကို ထိုင်ကြည့်နေခဲ့ရတာဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ လက်ရှိမှာတော့ နည်းပြ ဘင်နီတက်ဇ်လက်အောက် ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ ပွဲမှာ ၇ ပွဲအထိ ရှုံးနိမ့်နေခဲ့ပြီဖြစ်ပြီး နောက်ဆုံးအနိုင်ရခဲ့တဲ့ပွဲစဉ်က စက်တင်ဘာလနှောင်းပိုင်းတုန်းက နောဝစ်ချ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဖြစ်ပါတယ်။



ဘင်နီတက်ဇ်ဟာ အသင်းပိုင်ရှင် ဖာဟတ် မိုရှီရီဆီကနေ အားပေးထောက်ခံမှုကို လက်ခံရရှိထားခဲ့ပေမယ့် စပိန်လူမျိုးနည်းပြအနေနဲ့ ထောက်ခံထားသလောက် ရလဒ်ကောင်း မရယူပေးနိုင်ရင်တော့ ကန်ထုတ်ခံရဖွယ် ရှိနေတာဖြစ်ပါတယ်။ အဲဗာတန်ဟာ တန်းဆင်းဇုန်နဲ့ ၅ မှတ်အကွာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာသာ ရပ်တည်နေရတာဖြစ်ပြီး လက်ရှိမှာတော့ မော်ရင်ညိုဟာ ဘင်နီတက်ဇ် ထုတ်ပယ်ခံရရင် အဲဗာတန်နည်းပြသစ် ဖြစ်လာမယ့်သူအဖြစ် သတ်မှတ်ခြင်းခံထားရတယ်လို့ The Daily Mirror က ဖော်ပြခဲ့ပတယ်။

မော်ရင်ညိုဟာ ပြီးခဲ့တဲ့ ဧပြီလကမှ တော့တင်ဟမ်ဟော့စပါးနည်းပြရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရသူဖြစ်ပြီး လက်ရှိ စီးရီးအေရာသီ မတိုင်မီ ရိုးမားနည်းပြ ပေါ်လို ဖွန်ဆီကာရဲ့နေရာမှာ အစားထိုး ခန့်အပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ စပယ်ရှယ်ဝမ်းရဲ့ အီတလီလိဂ်က ဒုတိယသက်တမ်းဟာ တော်တော်လေး စိတ်ပျက်စရာ ကောင်းနေခဲ့တာဖြစ်ပြီး ရိုးမားအသင်းဟာ ထိပ်ဆုံးလေးနေရာနဲ့ ၉ မှတ်အထိ ကွာဟနေတာ ဖြစ်ပါတယ်။

မော်ရင်ညိုဟာ စနေနေ့ညက အသင်းဟောင်း အင်တာမီလန်ကို အိမ်ကွင်း အိုလင်ပီကိုမှာ ရင်ဆိုင်ရာမှာ ၃-၀ နဲ့ အနိုင်ယူခြင်း ခံခဲ့ရတာဖြစ်ပြီး The Mirror ရဲ့ ဖော်ပြချက်အရ ပေါ်တူဂီလူမျိုး နည်းပြဟာ အဲဗာတန်နဲ့အတူ ပရီးမီးယားလိဂ်ကို ပြန်လာနိုင်မယ့်အခွင့်အရေးကို ငြင်းဆန်ဖို့အတွက် ခက်ခဲနိုင်တယ်လို့ သိရပါတယ်။

Share

က္က