တရာသီအတွင်း ပြိုင်ပွဲစုံဂိုးအများဆုံးသွင်းယူနိုင်သူဖြစ်လာခဲ့တာပါ။

ဘိုင်ယန်မြူးနစ်ကို ၃-၀ နဲ့ အိမ်ကွင်းမှာ မန်စီးတီးတို့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အာလင်းဟာလန်းက သမိုင်းစံချိန်တခုကို ရယူနိင်ခဲ့ပါတယ်။ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗားတို့လည်း တဂိုးစီသွင်းယူခဲ့ပြီး မန်စီးတီးတို့ ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ ခြေတဖက်လှမ်းနိုင်ခဲ့ပြီဖြစ်ကာ ချန်ပီယံလိဂ်မှာ ဆရာကြီးတဆူလို့ပြောလို့ရတဲ့ ဂျာမန်ဘီလူးကြီးကို အလဲထိုးပစ်နိုင်ခဲ့ပါတယ်။ 

ဒီပွဲမှာ တဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဟာလန်းက ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၄၅ ဂိုးအထိ ရရှိသွားခဲ့ပါပြိ။ ဒါဟာ ပရီးမီးယားလိဂ်ကစားသမားတဦးက ပထမဆုံးအနေနဲ့ တရာသီအတွင်းပြိုင်ပွဲစုံသွင်းဂိုးအများဆုံးသွင်းယူနိုင်မှုဖြစ်ခဲ့ပြီး ဟာလန်းက သူ့အရင် နာမည်ကျော်ကစားသမားတွေမလုပ်ပြနိုင်ခဲ့တဲ့ မှတ်တမ်းကို လုပ်ပြနိုင်ခဲ့ပါတယ်။ 

ဟာလန်းဟာ ကစားသမားဘ၀မှာ ဘိုင်ယန်မြူးနစ်နဲ့ ၈ ကြိမ်အထိ ရင်ဆိုင်ခဲ့ရပြီး မနေ့ကမှ ပထမဆုံးနိင်ပွဲကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ဟာလန်းက ၂၆ ပွဲကစားအပြီး ၃၄ ဂိုးအထိ ရရှိခဲ့ကာ ပြိုင်ပွဲအရပ်ရပ်မှာ သူ့ရဲ့ ဂိုးသွင်းစံချိန်ကတော့ အံ့အားသင့်ဖွယ်ရာကောင်းလောက်အောင်ကို ထက်မြက်နေခဲ့တာလည်းဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်မှာလည်း ၂၇ ပွဲကစားအပြီး ဂိုး ၃၀ အထိ ရရှိထားကာ သူ့ရဲ့ ပွဲအရေအတွက်နဲ့ ဂိုးသွင်းနှုန်းက အံ့မခန်းအောင်ကို ကောင်းမွန်နေခဲ့ပါတယ်။ ဘိုင်ယန်ကတော့ မန်စီးတီးကွင်းမှာ ဆိုးရွားတဲ့ ကစားပုံနဲ့အတူ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ဒုတိယအကျော့အိမ်ကွင်းမှာ အနည်းဆုံး ၃ ဂိုးပြတ်နဲ့အနိုင်ရအောင် လုပ်ပြနိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က