ဆော်ဒီကလပ်အသင်းက ကာလတိုစာချုပ်အတွက် ပေါင် ၃ သန်းအပြင် စွမ်းဆောင်ရည်ဆုကြေးငွေကိုလည်း ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

မကြာသေးမီကမှ ရော်နယ်လ်ဒိုကို ခေါ်ယူခဲ့တဲ့ ဆော်ဒီ အာရေဗျကလပ် အယ်လ် နက်ဆာဟာ ၎င်းတို့ရဲ့ ခံစစ်ကို အင်အားဖြည့်တင်းဖို့အတွက် ထိပ်တန်းအဆင့် ဂိုးသမားတစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Relevo ရဲ့ ဖော်ပြချက်အရ အယ်လ် နက်ဆာဟာ ပရီးမီးယားလိဂ်မှာ ခရစ္စတယ် ပဲလေ့စ်အသင်းအတွက် လက်ရှိမှာ ကစားပေးနေတဲ့ စပိန်ဂိုးသမား ဗင်ဆန်တေး ဂွိုက်တာကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂွိုက်တာဟာ စွမ်းဆောင်ရည် သတ်မှတ်ချက်တွေအပေါ်မှာ မူတည်ပြီး အသစ်ချုပ်ဆိုနိုင်တဲ့ ၆ လစာချုပ်ကို ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဆော်ဒီကလပ်အသင်းက ကာလတိုစာချုပ်အတွက် ပေါင် ၃ သန်းအပြင် စွမ်းဆောင်ရည်ဆုကြေးငွေကိုလည်း ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဂွိုက်တာအတွက် ဒီအပြောင်းအရွှေ့ဟာ အခြား ဂိုးသမားတစ်ဦးဖြစ်တဲ့ အဂူစတင် ရော့ဆီကို အားဖြည့်ပေးဖို့ဖြစ်ပြီး အယ်လ် နက်ဆာရဲ့ ပထမဦးစားပေးဂိုးသမားဖြစ်တဲ့ ဒေးဗစ် အော့စပီနာဟာ တံတောင်ဒဏ်ရာကြောင့် ယခုရာသီကုန်အထိ လွဲချော်မှာဖြစ်ပါတယ်။ ဒါကြောင့် အယ်လ် နက်ဆာဟာ အမြင့်မားဆုံးအဆင့်မှာ အစားထိုးနိုင်တဲ့သူကို ရှာတွေ့ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ခရစ္စတယ် ပဲလေ့စ် ဂိုးသမားဟာ အဲဒီသတ်မှတ်ချက်နဲ့ ကွက်တိကျတဲ့သူလို့ ဆော်ဒီ အာရေဗျကလပ်အသင်းက ယုံကြည်နေတာ ဖြစ်ပါတယ်။

အယ်လ် နက်ဆာအသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်းဖြစ်တဲ့ ကေလာ နားဗက်စ်ကိုလည်း ချဉ်းကပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဗင်ဆန်တေး ဂွိုက်တာက ၂၀၁၈ ခုနှစ်မှာ ဆဲလ်ဟတ်စ်ပါ့ခ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း အသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ပါဝင်ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က